သူ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၈၀ ပါ။ ဒီတော့ မြန်မာကျပ်ငွေ ၈ သောင်းလဲ
ဖြစ်ချင်ဖြစ် သွား နိုင်ပါတယ်။ တရုတ် ZTE ထုတ် ဖုန်းမို့ မြန်မာ ပြည်
ဝင်လာနိုင်ပါတယ်။
Entry Level ဖုန်းပါ။ ဒါကြောင့် Feature
တွေလည်း မမြင့်ပါဘူး။ ရည်ရွယ် ချက်ကလည်း Firefox OS ကို ပထမဦးဆုံး စတင်
ထိတွေ့လိုသူများ အတွက် ဖြစ်ပါတယ်။ ဒီတော့ Mozilla က ပေးတဲ့ Feature များကို
အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်သုံးဖို့ အကောင်းဆုံး ဖုန်းလို့
တောင် ဆိုပါတယ်။
Feature များ မမြင့်ပါဘူး။ မျက်နှာပြင်က ၃.၅ လက်မ
480 x 320 pixel resolution သာ ပေးနိုင်ပြီး CPU က Qualcomm MSM7225A
chipset ပါ။ touch screen ဖုန်း ဖြစ်ပါတယ်။ RAM က 256 MB ရှိပြီး Storage က
512 MB ပဲ ရှိပါတယ်။ ကဒ်ထပ် စိုက်လို့ ရမှာပါ။ ကင်မရာက 3.2 Megapixel ပဲ
ရှိပါတယ်။ Bluetooth, Wi Fi, GPs အစုံအလင်ပါရှိပြီး အမြင့်ဖုန်း Feauture
အချို့ တော့ ပါဝင် နေ တာ တွေ့ရပါတယ်။ ဘက်ထရီက 1200 mAh ပါ။
ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင်ပဲ ရှိတဲ့ ဖုန်းမို့ ကမ္ဘာက စိတ်ဝင်စားလာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
.
Ref: pocketlint
Tuesday, January 28, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment