မိုဘိုင်းလောကမှာ အခုနောက်ပိုင်း EMMC ဆိုတဲ့ဝေါဟာရကို
တွင်တွင်ကြီးသုံးလာကြတယ်။ မိုဘိုင်း users တွေကလည်း ကျွန်တော့်ကို
လာမေးကြပါတယ်။ EMMC ဆိုတာဘာကြီးလဲ တဲ့။
ကိုယ်က ကွန်ပျူတာပဲ ပြင်တာလေ ..။ လာမေးတော့လဲ လေ့လာရတော့တာပေါ့ ပြီးတော့
ဒီတော့ မသိသေးတဲ့ Users
တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ
Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့ Electronic Chip တစ်ခုပါ။
မိုဘိုင်း Device
တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital
Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices
မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။
EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ Embedded Multi-Media Controller
လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို
အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။
EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash
memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ
Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage
Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip
တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။
EMMC Chip အသုံးပြု မိုဘိုင်းdevices အရေအတွက်ဟာ လက်ရှိအချိန်အထိ
အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ
ဒီထက်ပိုမိုများပြားလာမှာဖြစ်ပြီး Android ,iPhone နဲ့ Windows Phone
တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့
ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။
Saturday, January 25, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment