ယခုဇန်န၀ါရီလ ၂၄ ရက်နေ့တွင်
ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များရဲ့ အစီအစဉ်နဲ့
တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို ဆက်လက်ဖြန့်ဖြူးရောင်းချ
သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို ရောင်းချရာမှာတော့ CDMA 800 MHz,
GSM, WCDMA မိုဘိုင်းဖုန်း Sim Card အရေအတွက် သုံးသိန်းငါးသောင်း ကို
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြန့်ဖြူးသွားမှာ ဖြစ်တယ်လို့
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ ဖော်ပြချက်များအရ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ စုစုပေါင်း Sim Card အရေအတွက်
ရှစ်သောင်း ရှစ်ထောင် ခန့် ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အခုလို
ပုံမှန်ရောင်းချရာမှာလည်း နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့ကြတဲ့
သက်ပြည့်ပင်စင်ခံစား နေတဲ့အငြိမ်းစားများအတွက်
သီးသန့်ထည့်သွင်းဖြန့်ဖြူးရောင်းချပေးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

0 comments:
Post a Comment