Sunday, January 26, 2014

iOS အသုံးပြုသူတွေရဲ့ ဒေတာ တွေကို NSA က ရယူနေခြင်း ကို Apple က ငြင်းဆို

NSA က iOS အသုံးပြုသူတွေရဲ့ ဒေတာ တွေကို ရယူ နေတယ်ဆိုတဲ့ သတင်းတွေ အရင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ Apple က iOS အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေကို NSA ကိုပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့တောင် သတင်းတွေထွက်ပေါ်ခဲ့ဖူးတာဖြစ်ပါတယ်။

Apple CEO ဖြစ်သူ Tim Cook က အဆိုပါ သတင်းတွေကို ခါးခါးသီးသီး ငြင်းဆိုလိုက်ပြီး NSA ကို iOS အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေ ရယူခွင့်ပေးထားခြင်းမရှိပါဘူးလို့ ပြောပါတယ်။ အစိုးရ က Apple ရဲ့ Servers တွေက သတင်းအချက်အလက်တွေကို ရယူချင်တယ်လို့ပြောလာရင်တောင် အခွင့်ပေးမှာမဟုတ်ပါဘူးလို့ ဖြည့်စွက်ပြောပါတယ်။

Cook က ABC ရုပ်သံ နဲ့ တွေ့ဆုံတဲ့ အစီအစဉ်မှာ ကောလဟာလ တွေ နဲ့ ပတ်သက်ပြီး ရှင်းပြ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ NSA နဲ့ လုံးဝ ပတ်သက်မှု မရှိကြောင်း ကြေညာခဲ့ပါတယ်။ သူတို့ Company က ၀န်ထမ်း တွေ ကနေ အတွင်းရေး တွေမပေါက်ကြားအောင်လည်း ကာကွယ်ထားတယ်လို့ ပြောပါတယ်။
အဆိုပါ အင်တာဗျူးမှာ Apple ရဲ့ နောက်ထုတ်မယ့် ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တွေ အကြောင်း ကို လည်း ပြောဆိုဆွေးနွေး ခဲ့ပါသေးတယ်

0 comments: