Monday, January 20, 2014

Huawei ရဲ့  Ascend P6S ကို မိတ်ဆက်

ယမန်နှစ်က Huawei ရဲ့  Ascend P6 ဟာ အထိုက်အလျောက်နဲ့ အောင်မြင် ခဲ့ပြီး ကမ္ဘာ့ အပါးဆုံး စမတ်ဖုန်းလို့လည်း စံချိန်တင်စေခဲ့ ပါတယ်။ ဒီတစ်ခါ အသစ် ထုတ်လုပ်လိုက်တာကတော့ Ascend P6S ဖြစ်ပြီး 0.3 mm ထူလာတာမို့ ကမ္ဘာ့ အပါးဆုံး စံချိန်ကို ယူနိုင်တော့မှာ မဟုတ်ပါဘူး။ သို့ပေမယ့် ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်း ပြိုင်ကွင်းထဲကို ဝင်ရောက်လာသူ ဖြစ် ပါတယ်။
1.6 GHz quad core processor ကို အသုံးပြုပြီး ဘက်ထရီက 2000mAh ပါပဲ။ RAM ကလည်း 2GB ရှိပါတယ်။ အရွယ် ၄.၇ လက်မ 720p အရည် အသွေး မျက်နှာပြင်ကို အသုံးပြုပြီး 8 MP ကင်မရာ တပ်ဆင် ထားပါ တယ်။ ရှေ့ ကင်မရာကလည်း 5 MP တောင်ရှိပါတယ်။ Selfie သမားများ အတွက် အတော်လေး အဆင်ပြေမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ယခင်က အများစု ထင်ခဲ့တာက Ascend P6S ကို Octa core processor အသုံးပြုမယ် ဆိုပေမယ့် တကယ် ကြေညာလိုက်ချိန်မှာတော့ Quad Core ကိုသာ အနည်းငယ် အဆင့်မြင့်ထားခြင်း ဖြစ်ပါတယ်။
Internal 16GB ရှိပါတယ်။ Android 4.2 Jelly Bean OS ကို အသုံးပြုပြီး Huawei ရဲ့  Emotion UI 2.0 ထည့်သွင်းထား ပါတယ်။ KitKat ကိုလည်း Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သတင်းအရ တရုတ်ပြည်မှာ စတင်တောင် ရောင်းချနေပြီလို့ ဆိုပါတယ်။ ကမ္ဘာ့ ဈေးကွက်သို့လည်း လပိုင်းအတွင်း ဖြန့်ချိသွားဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint

0 comments: