Saturday, January 25, 2014

Samsung Galaxy Tab 3 Lite

Galaxy Tab 3 Lite က တရားဝင်မကြေညာခင်ကတည်းက သတင်းများစွာထွက်ပေါ်နေတဲ့ တက်ဘလက် တစ်ခုဖြစ်ပါတယ်။ အခုတော့ Samsung က တရားဝင်ကြေညာလိုက်ပါပြီ။ Tab 3 Lite ဟာ Tab 3 ရဲ့ အရွယ်သေးငယ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ Features အများစု က နောင်တော် နဲ့ တူညီပါတယ်။ အချို့ Feature တွေကိုတော့ ဖြုတ်ပစ်လိုက်တာ တွေ့ရပါတယ်။ Tab 3 Lite ကို ပိုမိုပါးလွှာပြီး ပေါ့ပါးအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။
ခုနစ်လက်မအရွယ် 1024×600 Pixel Display ကို တပ်ဆင်ထားပါတယ်။ 1.2GHz Dual-Core Processor ,1GB RAM, 8GB Storage , MicroSD Card Slot တို့တပ်ဆင်ထားပါတယ်။ 32GB အထိဝင်ဆန့်တဲ့ SD Card အသုံးပြုနိုင်ပါတယ်။ WiFi, WiFi Direct , 2G တို့ကို အသုံးပြုနိုင်ပါတယ်။ 3G HSPA + အသုံးပြုနိုင်ပြီး 21Mbps Download Speed , 5.76Mbps Upload Speed ရရှိနိုင်တယ်လို့သိရပါတယ်။ 3600mAh Battery တပ်ဆင်ထားပြီး တစ်ခါအားသွင်းထားရင် ရှစ်နာရီကြာ ဗီဒီယို ကြည့်ရှုနိုင်တယ်လို့သိရပါတယ်။ Android 4.2 Jelly Bean လည်ပတ်မောင်းနှင်မှာ ဖြစ်ပါတယ်။
Tab 3 နဲ့ Tab 3 Lite တို့ကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် Lite ရဲ့ အနောက်ဘက် ကင်မရာ ကို 2MP တပ်ဆင်ထားပြီး Tab 3 ရဲ့ အနောက်ဘက် ကင်မရာ ကို 3.15MP တပ်ဆင်ထားပါတယ်။ Lite မှာ အရှေ့ဘက် ကင်မရာ မပါရှိပါဘူး။ Lite ရဲ့ အထူက 9.7mm ဖြစ်ပြီး Tab 3 က 9.9mm အထူရှိတဲ့အတွက် Lite က ပိုမိုပါးလွှာလာပါတယ်။
Tab 3 Lite ရဲ့ မျက်နှာပြင် မှာ နေရာလွတ်တွေပိုမိုရရှိစေဖို့ Menu Bar ကို မျက်နှာပြင် ကနေ မျက်နှာပြင် ရဲ့ အောက်က ဘောင် ပေါ်ကို ပြောင်းရွှေ့ထားပါတယ်။ Internal Storage , SD Card တို့အပြင် Dropbox မှာ 50GB Storage ရရှိမယ်လို့ သိရပါတယ်။ Polaris Office ကိုလည်း ထည့်သွင်းပေးထားပါတယ်။
ရောင်းချမယ့် နေ့ရက် နဲ့ ဈေးနှုန်းကို Samsung က ပြောကြားခြင်း မရှိသေးပါဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရောင်းချမယ်လို့ပြောကြားထားပြီး အဖြူ နဲ့ အနက် နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ 8GB Galaxy Tab 3 ကို ဒေါ်လာ နှစ်ရာ နဲ့ ရောင်းချနေတဲ့အတွက် Tab 3 Lite ရဲ့ ဈေးနှုန်း ဟာ လည်း အဲဒီ ၀န်းကျင်လောက်သာရှိမယ်လို့ သုံးသပ်ပါတယ်။

0 comments: