Sunday, January 26, 2014

HTC One Max

Camera
ကင်မရာကတော့ 4 Ultra Pixel ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။  Pixel Resolution တွေအနေနဲ့ကတော့  2688×1520 ထိ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် ကင်မရာစနစ်ပိုင်းတွေ အနေနဲ့လည်း အလင်းရောင်အတွက် LED Flash, ဓာတ်ပုံ ရိုက်တဲ့အခါမှာ ဓာတ်ပုံရဲ့ တည်နေရာတွေကို မှတ်သားပေးနိုင်မယ့် Geotagging, ပုံရိပ်ရဲ့ မျက်နှာကို မှတ်သားနိုင်မယ့် Face  Detection စနစ်နဲ့ ဓာတ်ပုံရိုက်ခံသူရဲ့ အပြုံးတွေကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ့် Smile Detection စနစ်တွေအပြင်  Simultaneous HD video and image recording, Stereo Sound Recording  စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဗီဒီယို စနစ်အတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ပြီး ရှေ့ကင်မရာ အတွက်လည်း 2.1  Megapixel ရှိတဲ့ ကင်မရာ ပါဝင်ပါတယ်။ Dual ကင်မရာ စနစ်ပါ။ ကင်မရာစနစ်ပိုင်းမှာတော့ Dual Capture စနစ်ကို ထပ်မံ တိုးမြှင့်ထားတာ တွေ့ရပြီး ရှေ့ကင်မရာနဲ့  နောက်ကင်မရာ နှစ်ခုစလုံးကို တစ်ပြိုင်နက် ဖွင့်ပြီး ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ HTC  &JU Zoe စနစ်ကလည်း ဓါတ်ပုံတွေ အတွက် အကောင်းဆုံး ဖန်တီးမှုတွေကို ပြုလုပ်ပေးနိုင်မှာ ဖြစ်ပြီး Video Highlights ဆိုတဲ့ စနစ်ကလည်း Video Edit ပြုလုပ်ခြင်းတွေကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

CPU & GPU

CPU ကတော့ Quad-core 1.7 GHz Krait 300 CPU ကို ထည့်သွင်း အသုံးပြုထားတာ ဖြစ်တဲ့အတွက် ပထမထွက်ခဲ့တဲ့ HTC One နဲ့ CPU ချင်း တူညီပါတယ်။ ဂရပ်ဖစ်စနစ် အတွက်လည်း Adreno 320 GPU ကို ထည့်သွင်း တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် HTC One နဲ့ CPU ချင်းလည်း တူညီပါတယ်။
Sensor & Chipset

ဖုန်းကို အသုံးပြုတဲ့နေရာမှာ ဖုန်းကနေ အလိုအလျောက် သိရှိတုံ့ပြန်နိုင်မှုတွေအတွက် ထည့်သွင်းပေးထားတဲ့ Sensor  စနစ်ပိုင်းတွေမှာတော့ Accelerometer, Proximity, Gyro, Compass အစရှိတဲ့ နည်းပညာမြင့် ဖုန်းတွေမှာ ပုံမှန်ပါဝင်နေကျ Sensor  စနစ်လေးမျိုးကိုပဲ ထည့်သွင်းပေးထားတာ တွေ့ရပြီး Finger Print Sensor ကတော့ ထပ်ပေါင်း ဖြည့်စွက်မှုတစ်ခုပဲ ဖြစ်ပါတယ်။  Chipset ကတော့ Qualcomm APQ8064 Snapdragon 600 Chipset ကို ထည့်သွင်း အသုံးပြုထားတာ တွေ့ရပါတယ်။

OS

OS ကတော့ Android OS ကို အသုံးပြုထားတာ ဖြစ်ပြီး Version က တော့ 4.3 Jelly Bean ဖြစ်ပါတယ်။
Multimedia

SNS integration, Google  Drive (50 GB storage), Active noise cancellation with dedicated mic, TV-out (via MHL A/V link), MP4, WMV player, MP3, WMA, FLAC player, Google  Search, Maps, Gmail, YouTube, Calendar, Google Talk, Organizer, Document viewer/editor, Photo viewer/editor, Voice memo/dial/commands အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
Screen

Screen Size ကတော့ 5.9 Inch ရှိပါတယ်။ Screen Pixel ကတော့ 1080×1920 pixels ဖြစ်ပါတယ်။ Screen အမျိုးအစားကတော့ Super LCD3 အမျိုးအစားပါ။
Memory

ဖုန်းတွင်း မှတ်ဉာဏ်အတွက် Internal Memory 16/ 32GB ပါဝင်ပြီး 2GB RAM ပါဝင်ပါတယ်။ မှတ်ဉာဏ်ထပ်တိုးဖို့ အတွက်လည်း Micro SD 64GB ထိထောက်ပံ့ပေးနိုင်ပါတယ်။
Dimension & Weight

Metal ဘော်ဒီကို အသုံးပြုထားပြီး ဖုန်းရဲ့ အရွယ်အစားကတော့ အမြင့်က 164.5mm ရှိပြီး ဘေးတိုက် အကျယ်ကတော့ 82.5mm  ရှိပါတယ်။ ဖုန်းရဲ့အထူကတော့ 10.3mm ပါ။ ဖုန်းရဲ့ Flip Cover ကလည်း ဘက်ထရီကို အားပြန်သွင်းပေးနိုင်မယ့်စနစ် ပါဝင်ပါတယ်။

Network

ဒါကတော့ HTC ကနေ အသစ်ထပ်မံ ဝင်ရောက်လာတဲ့ နည်းပညာမြင့် ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ နည်းပညာတွေကို ပေါင်းစပ်ထားပြီး ပထမထွက်ခဲ့တဲ့ HTC One ထက် အရွယ်အစားက များစွာ ကွာခြားသွားပါတယ်။ နည်းပညာအသစ် တိုးမြှင့်မှုတစ်ခု အနေနဲ့တော့ ဒီဖုန်းမှာ Fingerprint Sensor စနစ်ကို တိုးမြှင့်တပ်ဆင်ထားတာ တွေ့ရမှာပါ။  ဒါ့အပြင် ဖုန်းတွင်း အသုံးပြု နည်းပညာပိုင်းတွေမှာလည်း အသစ်ထပ်မံ တိုးမြှင့်ထားမှုတွေ ရှိနေပါတယ်။ ကွန်ရက်ကတော့ GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားပါ။ 2G, 3G ကွန်ရက် နှစ်မျိုးစလုံးအပြင် 4G LTE ကွန်ရက်အတွက်လည်း ထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။  အင်တာနက်စနစ်တွေ အတွက်ကတော့ EDGE, GPRS, HADPA, HSUPA စနစ်တွေနဲ့ WiFi စနစ်ကို အသုံးပြုနိုင်မှာပါ။ Bluetooth  ကတော့ 4.0 ဖြစ်ပြီး USB ကတော့ 2.0 ပါပဲ။

0 comments: