ဘာလင် IFA မှာ တရုတ် Lenovo တို့ မိတ်ဆက်ပြသသွားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။
ဈေးနှုန်းကိုတော့ မကြေညာ ရသေးပါဘူး။ သို့ပေမယ့် အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ၄၀၀
ကြားမှာပဲ တန်ဖိုးရှိမယ့် စမတ်ဖုန်းလို့ အားလုံး ခန့်မှန်းထားကြ ပါတယ်။
မြန်မာပြည်မှာလည်း ၄ သိန်းထပ် မပိုနိုင်တဲ့ ဈေးနှုန်းလို့ ဆိုပါတယ်။
ဒီတော့ ငွေ ၃ သိန်းခွဲလောက်နဲ့ ရွေးစရာဖုန်းတွေထဲမှာ Lenovo Vibe X ကို
စာရင်းသွင်းလိုက်ပါတယ်။
သူ ဘာထူးခြားလဲ (ကင်မရာ)
ထူးခြားတာက
ကင်မရာပါ။ အရှေ့ မှာ 5 Megapixel တောင်ပါဝင်ပါတယ်။ အနောက်မှာက အမြင့်ဖုန်း
ထုံးစံ အတိုင်း 13 Megapixel ပဲ ထည့်သွင်းပါဝင်ပေမယ့် အရှေ့ မှာ 5 MP
အသုံးပြုတာကတော့ ရှားရှားပါးပါး ဖုန်း ဖြစ် မယ် ထင်ပါတယ်။ Flash ကတော
အနောက်ကင်မရာ မှာပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Self Shoot ဝါသနာ
ပါသူတွေအတွက် ရှေ့ ကင်မရာနဲ့လည်း ကောင်းကောင်း ပဲပေးနိုင်လောက်ပါမယ်။
ပါးပါးပေါ့ပေါ့ ဖုန်း
ဝိတ်က ၁၂၁ ဂရမ်သာ ရှိတဲ့ ဖုန်းပါ။ အထူကတော့ ၆.၉ မီလီမီတာ ဆိုတော့ အတော် ပါးတဲ့ စမတ်ဖုန်း ဂိုဏ်း ထဲ စာရင်းသွင်းလို့ ရပါတယ်။
မျက်နှာပြင်
၅
လက်မ အရွယ် Display နဲ့ပါ။ Resolution က 1920x1080 နဲ့ တွေ့မြင်ရမှာ
ဖြစ်ပါတယ်။ သူက 440 ppi အဆင့် တောင်ပါ။ လက်ရှိ Apple က အသုံးပြုနေတဲ့
Retina Display နဲ့ အရည်အသွေး ထပ်တူညီပဲ ဖြစ်ပါတယ်။ ဒီတော့
ကြည်လင်ပြတ်သားမှုမှာ အခြားဖုန်းတွေထက် တစ်ဘန်းသာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။
ရှေ့ ကော၊ နောက်ကော် HD ဗီဒိယို Recording ရမှာ ဖြစ်ပါတယ်။ sharp, clear,
bright colour များကြောင့် Impressive ဖြစ်စေရမယ်လို့ ပြပွဲမှာ ဆိုပါတယ်။
Processor
1.5
GHz MTK Processor ကို အသုံးပြု ပါတယ်။ RAM က 2GB ပါ။ ဒီတော့ လက်ရှိ
Market မှာ ရရှိနေတဲ့ အမြင့်ဖုန်း များရဲ့  Processor နဲ့ Performance ကို
ယှဉ်ရင် မှီဖို့ နည်းနည်းလေး လိုနေပါသေး တယ်။ နောက်ဆုံး ထွက်ထားတဲ့ Samsung
Galaxy S4 တောင် 1.6 GHz နဲ့ 1.9 GHz ရွေးစရာ အမြင့် Processor ဗားရှင်း ၂
မျိုး ရှိပါသေးတယ်။ ဒီတော့ RAM ကလည်း 2 GB ဖို့ သိပ်အကွာကြီးတော့
မဟုတ်ပါဘူး။ Lenovo ရဲ့  ဖုန်း ဘယ်လောက် အလုပ်လုပ်နိုင်တယ်ဆိုတာ သုံးကြည်မှ
သိနိုင်ပါမယ်။
Memory
ဝမ်းနည်းစရာပါပဲ။ ဒီမှာ သူ့ရဲ့ 
အားနည်းချက် အဓိက ပေါ်ပါပြီ။ Memory ထပ်တိုးလို့ မရပါဘူး။ Built in 16 GB
နဲ့ ကျေနပ်ရမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ micro SD ကဒ် slot လည်းမပါဝင်ပါဘူး။
ဒီတော့ Data usage နည်းတဲ့ သူအတွက်လောက်ပဲ အဆင်ပြေပါမယ်။ ပြီးတော့ Cloud
Storage ကို အလေးထား အသုံးပြုတဲ့ သူတွေ အတွက်လည်းအဆင်ပြေပါမယ်။
ဘက်ထရီ
ဘက်ထရီလည်း
နည်းသွားပါတယ်။ 2000 mAh အားသာ ပါဝင်မှာ ဖြစ် ပါတယ်။ Samsung Galaxy S4
ထပ်တောင် 600 လောက် လျော့နေ ပါတယ်။ ဒီတော့ App များများ
အသုံးပြုချင်သူများအတွက် စဉ်းစားစရာပါ။ သို့ပေမယ့် Mobile Power Usage plan
ကောင်းကောင်းနဲ့ ဖွဲ့စည်းထား ရင်တော့ ဘက်ထရီ အတွက် ခေါင်းအစား သက်သာလောက်
ပါတယ်။
Operating System
Android 4.2 Jelly Bean နဲ့
ပြပွဲမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ နောက်လာမယ့် Android ဗားရှင်း
တွေအထိ Upgrade လုပ်နိုင်ဖို့ လည်း ရည်ရွယ်ထားပါတယ်။
ဝယ်သင့် မဝယ်သင့်
Lenovo
ကို မသုံးဖူးသေးဘူး။ သုံးဖူးတဲ့ သူအချို့ ပြောတာတော့ ကောင်းပါ တယ်တဲ့။
တရုတ်ပြည်ထွက်ချင်းအတူတူ Huawei နဲ့ ယှဉ်ရင် ဈေးကွက် အရောက် နောက်ကျတာ
ထုတ်လုပ်မှု နည်းပါးခြင်းပါ။ Lenovo ကို အများစု သိထားတာက ကွန်ပြူတာ
ထုတ်တဲ့ ကုမ္မဏီတစ်ခုအနေနဲ့ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ယခု ၂၀၁၃ ခုနှစ် မှာ
Lenovo အတွက် အဓိက ဝင်ငွေ ရှာပေးတာ မိုဘိုင်းဖုန်း Division
ဖြစ်နေခဲ့ပါတယ်။ အဓိကကတော့ ဈေး သက်သက်သာသာနဲ့ ကမ္ဘာ့ဈေးကွက်ကို
ဖြန့်ချိလို့ပါ။
မြန်မာပြည် ဈေးကွက်ကိုလည်း ရောက်ရှိပါတယ်။ Lenovo
Vibe X လည်း ရောက်ရှိအုံးမှာပါ။ အောက်တိုဘာကို တရုတ်ပြည်မှာ ဖြန့်ပေမယ့်
ကမ္ဘာကိုကျ ဒီဇင်ဘာမှ စဖြန့်မှာ ဖြစ်ပါတယ်။ ငွေ ၃ သိန်းခွဲလောက်ဆိုရင်
ယှဉ်ရွေးစရာ အနေနဲ့ Huawei Ascend P6 နဲ့ အခြားသော တရုတ်ပြည်က brand
ဖုန်းတွေ ရှိနေပါအုံးမယ်။ Samsung, Apple, HTC, LGတုန်းက အနည်းဆုံး
ကန်ဒေါ်လာ ၆၀၀ ဝန်းကျင်လောက် နဲ့ မြန်မာပြည်ဈေးကွက်ကို ဝင်နေတာပါ။ ဒီတော့
ဈေးသက်သက်သာသာနဲ့ စမတ်ဖုန်း ကောင်း ကောင်း ကိုင်ချင်သူများအတွက် Lenovo
Vibe X ကိုလည်း ထည့်သွင်း စဉ်းစား နိုင်ပါတယ်။
Ref: fonearena/pocketlint
Tuesday, January 28, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment