Sunday, February 16, 2014

iOS 7 to 7.0.5 Untethered Jailbreak for All

iOS 7 ထွက်ခဲ့သော အချိန်ကတည်းက ယခု iOS 7.0.5 ရောက်လာသည်ထိ လပေါင်းများစွာ စောင့်စားခဲ့ရသော iOS 7+ အတွက် Untethered Jailbreak ကို evasi0n အဖွဲ့မှ ထပ်မံ၍ version 1.0.5 ကို ထုတ်ပေးလိုက်ပါပြီ။

evasi0n ရဲ့ Jailbreak Tool က iOS 6+ တုန်းကလိုပဲ ကလစ်တစ်ချက်နှိပ်ရုံနဲ့ ပြီးစီးသွားနိုင်မယ့် အလွယ်ဆုံးသော Jailbreak နည်းလမ်းဖြစ်ပါတယ်။ ယခု evasi0n Jailbreak Tool နှင့် iOS 7 ကစလို့ iOS 7.0.5 တွင်သာမက Apple က Developer များအတွက် စမ်းသပ်နိုင်ရန် ထုတ်ပေးထားသော iOS 7.1 Beta 1,2 versions များကိုလည်း Untethered နည်းနဲ့ Jailbreak လုပ်ပေးနိုင်ပါပြီ...

  • evasi0n သည် iOS 7 နှင့်အထက် သွင်းထားသော iPhone, iPod touch, iPad and iPad mini များ အားလုံးတို့အတွက် ကောင်းစွာ အလုပ်လုပ်နိုင်ပါလိမ့်မည်။
  • evasi0n ကို အသုံးပြုရန် Windows အတွက် (XP အနိမ့်ဆုံး) နှင့် Mac အတွက် (OSX 10.5/10.6/10.7/10.8) ရှိရန် လိုအပ်ပါသည်။

>>
Download evasi0n (Mac)
>> Download evasi0n (Windows)
>> Evasi0n နှင့် Jailbreak ပြုလုပ်နည်း

** Jailbreak ပြုလုပ်ပြီသည်နှင့် တစ်ပြိုင်နက် SHSH Blobs ကို ချက်ချင်း SAVE လုပ်ပါ **

ယခုဆိုလျှင် Cydia ကလည်း iOS 7+ အတွက် အဆင်သင့်ဖြစ်နေပါပြီ၊ iOS 7+ မှာ Cydia က "Mobile Substrate" ကို "Cydia Substrate" အဖြစ် ပြောင်းလဲခေါ်ဝေါ် သုံးစွဲထားပါတယ်။ Tweaks တော်တော်များများက iOS 7+ အတွက် Update လုပ်လာကြပေမယ့် အချို့ Tweaks များကတော့ ကောင်းကောင်း အလုပ်မလုပ်နိုင်သေးပါဘူး။ဒါကြောင့် Tweaks များကို သတိပြု၍ သွင်းယူကြပါ။

>> ၂၀၁၄ ခုနှစ် iOS 7+ အတွက် အကောင်းဆုံး Cydia Sources များ

တစ်ဆက်ထဲမှာပဲ မြန်မာစာ နှင့် ကီးဘုတ်ကိုလည်း အဆင်ပြေပြေ သွင်းယူသုံးစွဲနိုင်ပါပြီ...

>> iOS 7+ အတွက် မြန်မာစာ နှင့် မြန်မာကီးဘုတ် မှန်ကန်စွာ သွင်းယူနည်း

Cydia အတွက် Error များ၊ Application Crash များဖြစ်ပေါ်ခဲ့ပါက အောက်ပါလင့်ခ်များတွင် ဖတ်ရှု၍ ဖြေရှင်းနိုင်ပါသည်...

>> Cydia Errors များနှင့် ဖြေရှင်းနည်း
>> Tweaks များကြောင့် Apps Crash ဖြစ်ခြင်းကို ဖြေရှင်းနည်း
>> Cydia အား အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်း

0 comments: