Tuesday, January 28, 2014
ကမ္ဘာ့အပါးဆုံး လပ်(ပ်)တော့
Apple ကထုတ်တဲ့ MacBook Pro တောင် လက်ရှိ အပါးဆုံးက ၀.၇၁ လက်မ အထိပဲ Slim ဖြစ်ပါသေးတယ်။ ဒီတော့ Samsung ရဲ့  Series 9 ကို အပါးဆုံးလို့ သတ်မှတ်ထားနိုင်ပါသေးတယ်။ သူ့ရဲ့  Specification အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။
• တတိယမျိုးဆက် Intel Core processor - Core i7 ကို အသုံးပြု ပါတယ်။
•4GB Ram
•128GB SSD, memory ထပ်တုန်းရန် SSD slot ပါဝင်ပါတယ်။
•Windows 7 operating system ( Windows 8 သို့ Upgrade လုပ်ပေး ပါတယ်။)
• ဘက်ထရီက Photoshop တို့လို ပါဝါစားတဲ့ ပရိုဂရမ်ကို သုံးရင် ၈ နာရီခံပြီး အလင်းရောင် တစ်ဝက် ထားသုံးရင် ၁၀ နာရီခံပါတယ်။
• gaming system ရတယ်လို့ မဟုတ်ပေမယ့် အင်ဂျင်ကောင်းကောင်း သုံးတဲ့ Diablo 3 တို့လို ဂိမ်းကို နိုင်ပါတယ်။
•LCD, HD+, 400 nit screen. သာမန် Laptop တစ်လုံးထက် အလင်းရောင် ၄၀ ရာခိုင်နှုန်းပို တယ်လို့ ဆိုပါတယ်။
•Boots up in 10 seconds, 3 seconds from sleep mode
• USB 3.0 နှင့် USB 2.0 ပေါက်များ ပါရှိပါတယ်။
၁၃ လက်မ၊ ၁၅ လက်မ အရွယ်နှစ်မျိုး ထုတ်ပြီး ဈေးနှုန်းကတော့ ၁၂၉၉ ဒေါ်လာနဲ့ ၁၄၉၉ ဒေါ်လာ ဆီ ရှိကြောင်း သိရပါတယ်။
--
Ref: Samsung
Posted by kotarcomputer at 10:07 PM 0 comments
မျက်နှာပြင်ကျယ် စတ်ဖုန်းသစ် Oppo N1
အရွယ်အစားအားဖြင့် ၅.၉ လက်မ တောင်ရှိတာမို့ လက်ရှိ အရွယ်ကြီးဖုန်းစာရင်းတွေထဲမှာ သူ့ထက် ကြီးတာ Samsung Galaxy Mega တို့လောက်ပဲ ရှိပါတော့မယ်။ အရွယ်ကြီးသလို မျက်နှာပြင် Resolution လည်း ကောင်းပါတယ်။ 1028p အရည်အသွေး ပေးနိုင်ပါတယ်။ ကင်မရာက 13 Megapixel မှာ LED flash ပါဝင်ပြီး သူ့ရဲ့  အထူးခြားဆုံး Feature တစ်ခုက ယင်းကင်မရာကို အရှေ့ သို့ လှည့်ယူနိုင်ခြင်း ဖြစ်ပါတယ်။
RAM 2GB, Snapdragpon S600 processor အစရှိသဖြင့်တို့ကတော့ အခြား အမြင့်ဖုန်း များနဲ့ သိပ် ကွဲပြား မသွားပါဘူး။ Wi-Fi, NFC, gyrpscopce နဲ့ အခြားသော Special Feature များလည်း ပါဝင်ပါသေးတယ်။ အမေရိကန်ဒေါ်လာ ၅၆၈ တန်ဖိုးရှိတာမို့ မြန်မာငွေနဲ့ တွက်ရင် ၅သိန်းခွဲ ဝန်းကျင်ပါ။ ဒီတော့ နောက်ဆုံးထွက် Phablet တွေနဲ့ယှဉ်ရင်ဈေးနှုန်း ပိုက်သာတဲ့အနေအထားမှာ ရှိပါတယ်။ လာမယ့် ဒီဇင်ဘာလက စလို့ ကမ္ဘာအနှံ့ ဖြန့်ချိမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref:pocketlint
Posted by kotarcomputer at 10:02 PM 0 comments
မြန်မာကျပ်ငွေ ၇သောင်းဝန်းကျင် ZTE ထုတ် Firefox OS ဖုန်း
Entry Level ဖုန်းပါ။ ဒါကြောင့် Feature တွေလည်း မမြင့်ပါဘူး။ ရည်ရွယ် ချက်ကလည်း Firefox OS ကို ပထမဦးဆုံး စတင် ထိတွေ့လိုသူများ အတွက် ဖြစ်ပါတယ်။ ဒီတော့ Mozilla က ပေးတဲ့ Feature များကို အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ အင်တာနက်သုံးဖို့ အကောင်းဆုံး ဖုန်းလို့ တောင် ဆိုပါတယ်။
Feature များ မမြင့်ပါဘူး။ မျက်နှာပြင်က ၃.၅ လက်မ 480 x 320 pixel resolution သာ ပေးနိုင်ပြီး CPU က Qualcomm MSM7225A chipset ပါ။ touch screen ဖုန်း ဖြစ်ပါတယ်။ RAM က 256 MB ရှိပြီး Storage က 512 MB ပဲ ရှိပါတယ်။ ကဒ်ထပ် စိုက်လို့ ရမှာပါ။ ကင်မရာက 3.2 Megapixel ပဲ ရှိပါတယ်။ Bluetooth, Wi Fi, GPs အစုံအလင်ပါရှိပြီး အမြင့်ဖုန်း Feauture အချို့ တော့ ပါဝင် နေ တာ တွေ့ရပါတယ်။ ဘက်ထရီက 1200 mAh ပါ။
ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၈၀ ဝန်းကျင်ပဲ ရှိတဲ့ ဖုန်းမို့ ကမ္ဘာက စိတ်ဝင်စားလာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
.
Ref: pocketlint
Posted by kotarcomputer at 10:01 PM 0 comments
မိုဘိုင်းဖုန်း ဘေလ် သက်သာရန် နည်းလမ်း
ပြောပြနေစရာတောင် မလိုပါဘူး။ အားလုံးသိကြမှာပေါ့။ Missed Call ပေးခြင်းဖြင့် ဖုန်းဘေလ် သက်သာ စေနိုင်ပါတယ်။ ဟိုဘက်က ဘာလို့ Missed Call ပေးလည်းမေးရင် ဖုန်းခေါ်တာ မကိုင်လို့ နောက်မှပြန်ခေါ် မလို့ပါ လို့ အတည်ပေါက်နဲ့ ပြောလိုက်ပေါ့။ အချို့ လည်း လုပ်နေကြမှာပါ။
ပြောနေရင်း ဖုန်းချပါ
ပြောနေရင်းဖုန်းချလိုက်ပေါ့။ တစ်ဖက်က ဘာလို့ဖုန်းချလည်းမေးရင် ဖုန်းက ရုတ်တရက်ကျသွားလို့ပါပေါ့။ ဟုတ်ဘူးလား။ အသံမကြားရလို့ပါ ဘာညာပေါ့။ တစ်ခါတစ်လေကျ ကြားနေရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဟယ်လို ဟယ်လိုနဲ့ချလိုက်ပေါ့။ (လုပ်နေကျ အကွက်လေးတွေလေ )
Message မပို့ပါနဲ့
အချို့  က ဖုန်းမပြောပဲ စာပို့တာ သက်သာတယ်လို့ ထင်ကြတယ်။ အမှန်တော့ အဲဒါက ပိုကုန်တာ။ တစ်စောင်ကို ၂၅ ကျပ်လေ။ မဖြစ်မနေ ပို့ရမယ်ဆိုရင်တောင် တစ်စောင်တည်းနဲ့ ၁၀ ရက်လောက် ခွဲပြောရမယ့် ဟာတွေကို တစ်ခါတည်း စုသာရေးပစ်။ Character အလုံး ၁၆၀ တောင် ပေးသုံးတာပဲ။ ပြီးတော့ ကြုံမှပြောလိုက်ပေါ့။ ၁၀ ရက်စာ စုရေးထားတာမို့ ၁၀ ရက်အတွင်း ပြောစရာရှိရင် ခများကပဲ အရင်စဆက်ပါလို့လေ။
အင်တာနက် မသုံးပါနဲ့
လည်နေတာကြည့်ပြီး တရားမှတ်တာထက် မြေကသိုဏ်းဖြစ်ဖြစ်၊ မိုးပြာရောင် ကသိုဏ်းဖြစ်ဖြစ် ကြည့်ပြီး တရားမှတ်တာ ပိုကောင်းပါတယ်။ ခုက အားလုံးသိတဲ့အတိုင်း အင်တာနက်က သိပ်မလွယ်သေးဘူးလေ။ ဒီတော့ အင်တာနက် Data Connection ကိုမဖွင့်လေကောင်းလေပါပဲ။ ( အင်တာနက်ဖွင့်ပြီး စာပို့ချင်သပဆိုရင် ပို့ချင်တဲ့သူကို What’s app ဖွင့်ခိုင်း၊ (ဒါကတော့ အတည်ပါ) အဲဒါနဲ့ကျ အင်တာနက်လိုင်းမကောင်းလဲ စာအဝင်အထွက် တော်တော်မြန်တယ်လေ)
ရည်းစားမထားပါနဲ့
ရည်စားရှိတဲ့သူတွေရဲ့  ဖုန်းဘေလ် ကုန်ချက်က အံ့မခန်းပါပဲတဲ့။ အချို့ ကျတော့လည်း ကောင်မလေး တွေက ပိုကုန်တယ်လို့ ပြောကြပြီး အချို့ ကျတော့လည်း ကောင်လေးတွေဘက်က ဖုန်းဘေလ်ကုန်ကြောင်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခုတ်က နှစ်ဖက်တီးမှ မြည်တာ။ ဖုန်းဘေလ်အကုန်မခံနိုင်ရင် ရည်းစားမထားတာ အကောင်းဆုံး ပါပဲတဲ့။
ဖုန်း ပါဝါ ပိတ်ထားပိတ်ထားပါ
အကောင်းဆုံးပဲလေ။ ညဘက်ဗိုက်ဆာတတ်သူတွေရဲ့  အကောင်းဆုံး ဖြေရှင်းနည်းက အိပ်လိုက်တာပဲ။ အိပ်ပျော် သွားရင် ဗိုက်မဆာတော့ဘူး။ ခုလဲ အဲ့လို့ပဲပေါ့။ ဖုန်းဘေလ် လုံးဝ မကုန်ချင်ဘူးဆိုရင် ဖုန်းသာ ပါဝါ ပိတ်ထားပစ်။ ဒါဆို မကုန်တော့ဘူး။
ဖုန်းမကိုင်ပါနဲ့တော့
အားလုံးထက် အကောင်းဆုံး နည်းလမ်းပေါ့ဗျာ။ မူလနှစ်ဖြာ အဝိဇ္ဇာ နဲ့ တဏှာ ကြောင့် ဘဝဆိုတာ ဖြစ်လာတာလေ။ ဘဝလောကီ ကိစ္စပျက်ချင်ရင် အဲဒါဖြတ်ပေါ့။ ခုက ဖုန်းဘေလ်အကုန်မခံချင်ပါဘူး။ ဖုန်းဘေလ် ကုန်ကျစရိတ် မသုံးနိုင်ပါဘူးဆိုရင် အကောင်းဆုံးကတော့ ဖုန်းလုံးဝ မကိုင်ပါနဲ့တော့။ မဝယ်ပါနဲ့တော့။ ဒါဆိုရင် ဖုန်းဘေလ် လုံးဝ မကုန်တော့ပါဘူး။
အားလုံးအဆင်ပြေဖို့ ရေးသား မျှဝေ လိုက်ရပါတယ်။
(မှတ်ချက် - အတည်ပေါက်နဲ့ နောက်ခြင်းမျှသာ ဖြစ်ပါတယ်။ တကယ်မဟုတ်ပါ။ အားလုံး စိတ်အပန်းဖြေ နိုင်ပါစေ)
Posted by kotarcomputer at 9:59 PM 0 comments
၅.၈ လက်မ Samsung Foneblet ထွက်ရှိမည်
Samsung မှ အသစ်ထုတ်အုံးမယ့် စမတ်ဖုန်း+Tablet ဖြစ်ပါတယ်။ စမတ်ဖုန်း အနေနဲ့ကော၊ Tablet အနေနဲ့ကော အသုံးပြုလို့ရမယ့် Samsung Galaxy Note တွေလိုပဲ ဖြစ်ပါတယ်။
သို့ပေမယ့် Foneblet ဆိုတော့ ဘယ်လိုဖြစ်လာမလဲ ဘယ်သူမှ မသိသေး ပါဘူး။ ဖုန်း ကတော့ 960 x 540 LCD AMOLED display ကို အသုံးပြု တယ်လို့လည်း ဆိုနေကြပါတယ်။ ဒီတော့ resolution အရမ်းကောင်းတဲ့ ဖုန်းထဲမှာတော့ မပါပါဘူး။
ဆင်းမ်ကဒ် နှစ်ခု ထည့်သွင်းလို့ရမယ့် Dual Sim card ဖုန်း လည်း ဖြစ်ပါတယ်။ လာမယ့် Mobile World Congress မှာ ဝင်ရောက် ပြသမှာ ဖြစ်ပြီး Samsung Galaxy S4, ၈ လက်မ Galaxy Note Talet တို့နဲ့ အတူတူ ထွက်ရှိနိုင်ချေ ရှိကြောင်း သိရပါတယ်။
--
Ref: pocketlint
Posted by kotarcomputer at 9:56 PM 0 comments
ဂန္တ၀င်ဆန်ဆန် Nokia စမတ်ဖုန်း 515
ပုံမှာ မြင်တွေ့ရတဲ့ ဖုန်းကတော့ Nokia 515 ဖြစ်ပါတယ်။ ကီးပတ်ပါတဲ့ ဖုန်းဆိုတော့ အတွင်းက Specification နိမ့်လိမ့်မယ်လို့ ပုံသေ တွက်ချက်လို့ မရပါဘူး။ ကင်မရာ 5 megapixel ပါဝင်ပြီး auto focus, LED flash light အပြင် Photo shooting အတွက် Support လုပ်ပေးတဲ့ Feature များစွာ ပါဝင်ပါတယ်။ ပိုလီကာဘွန်နှိပ်သားတဲ့ လုပ်ထားတဲ့ ဖုန်းဖြစ်တဲ့အတွက် အကြမ်းလည်းခံပြီး ပေါ့ပေါ့ပါးပါရှိတဲ့ဖုန်းလည်း ဖြစ်ပါတယ်။ Gorilla Glass မျက်နှာပြင်ပါ။ 3.5G HSDPA connectivity ပါဝင်ပြီး အသံကြည်လင်ပြတ် သားမှုရှိမယ်။ သီချင်းဖွင့်လည်း Speaker အလုပ်ကောင်းကောင်း လုပ်မယ် အစရှိသဖြင့် ကြော်ငြာထားပါတယ်။ Bluetooth ပါဝင်ပြီး အခြားသော Nokia Windows ဖုန်း၊ Android ဖုန်းများနဲ့ File Sharing များအလွယ်တကူ ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်။
Display က ၂.၄ လက်မ 240x320 pixel ဗားရှင်း ဖြစ်ပြီး ppi 167 ဆိုတော့ ရုပ်ထွက်အရည်အသွေး အတန်အသင့် ကောင်းမွန်မှာပါ။ အတွင်း Memory 256 MB, RAM 64 MB ပါဝင်ပြီး microSD ကဒ်နဲ့ 32GB အထိ Extend လုပ်နိုင်မှာ ဖြစ်ပါတယ်။ MP3 Player, MP4 Plyer ကောင်းကောင်း တစ်လုံးလိုတော့ အသုံးပြုလို့ ရမှာပါ။ ဓာတ်ပုံရိုက်ဖို့အတွက်လည်း သင့်တော်မယ့်ဖုန်းလို့ ဆိုပါတယ်။ ဖုန်းနဲ့ ဂိမ်းဆော့ချင်သူများအတွက် ကတော့ အဆင်ပြေလောက်မယ် မထင်ပါဘူး။
Nokia 515 ဟာ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ ကျော်ဝန်းကျင်နဲ့ ရောင်းချတော့မယ် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
http://youtu.be/vhVHgdZyFTw
Posted by kotarcomputer at 9:54 PM 0 comments
ဈေးသက်သာ ဖုန်းကောင်းကိုင်ဖို့ စဉ်းစားစရာ Lenovo Vibe X
သူ ဘာထူးခြားလဲ (ကင်မရာ)
ထူးခြားတာက ကင်မရာပါ။ အရှေ့ မှာ 5 Megapixel တောင်ပါဝင်ပါတယ်။ အနောက်မှာက အမြင့်ဖုန်း ထုံးစံ အတိုင်း 13 Megapixel ပဲ ထည့်သွင်းပါဝင်ပေမယ့် အရှေ့ မှာ 5 MP အသုံးပြုတာကတော့ ရှားရှားပါးပါး ဖုန်း ဖြစ် မယ် ထင်ပါတယ်။ Flash ကတော အနောက်ကင်မရာ မှာပဲ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Self Shoot ဝါသနာ ပါသူတွေအတွက် ရှေ့ ကင်မရာနဲ့လည်း ကောင်းကောင်း ပဲပေးနိုင်လောက်ပါမယ်။
ပါးပါးပေါ့ပေါ့ ဖုန်း
ဝိတ်က ၁၂၁ ဂရမ်သာ ရှိတဲ့ ဖုန်းပါ။ အထူကတော့ ၆.၉ မီလီမီတာ ဆိုတော့ အတော် ပါးတဲ့ စမတ်ဖုန်း ဂိုဏ်း ထဲ စာရင်းသွင်းလို့ ရပါတယ်။
မျက်နှာပြင်
၅ လက်မ အရွယ် Display နဲ့ပါ။ Resolution က 1920x1080 နဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူက 440 ppi အဆင့် တောင်ပါ။ လက်ရှိ Apple က အသုံးပြုနေတဲ့ Retina Display နဲ့ အရည်အသွေး ထပ်တူညီပဲ ဖြစ်ပါတယ်။ ဒီတော့ ကြည်လင်ပြတ်သားမှုမှာ အခြားဖုန်းတွေထက် တစ်ဘန်းသာမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ရှေ့ ကော၊ နောက်ကော် HD ဗီဒိယို Recording ရမှာ ဖြစ်ပါတယ်။ sharp, clear, bright colour များကြောင့် Impressive ဖြစ်စေရမယ်လို့ ပြပွဲမှာ ဆိုပါတယ်။
Processor
1.5 GHz MTK Processor ကို အသုံးပြု ပါတယ်။ RAM က 2GB ပါ။ ဒီတော့ လက်ရှိ Market မှာ ရရှိနေတဲ့ အမြင့်ဖုန်း များရဲ့  Processor နဲ့ Performance ကို ယှဉ်ရင် မှီဖို့ နည်းနည်းလေး လိုနေပါသေး တယ်။ နောက်ဆုံး ထွက်ထားတဲ့ Samsung Galaxy S4 တောင် 1.6 GHz နဲ့ 1.9 GHz ရွေးစရာ အမြင့် Processor ဗားရှင်း ၂ မျိုး ရှိပါသေးတယ်။ ဒီတော့ RAM ကလည်း 2 GB ဖို့ သိပ်အကွာကြီးတော့ မဟုတ်ပါဘူး။ Lenovo ရဲ့  ဖုန်း ဘယ်လောက် အလုပ်လုပ်နိုင်တယ်ဆိုတာ သုံးကြည်မှ သိနိုင်ပါမယ်။
Memory
ဝမ်းနည်းစရာပါပဲ။ ဒီမှာ သူ့ရဲ့  အားနည်းချက် အဓိက ပေါ်ပါပြီ။ Memory ထပ်တိုးလို့ မရပါဘူး။ Built in 16 GB နဲ့ ကျေနပ်ရမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ micro SD ကဒ် slot လည်းမပါဝင်ပါဘူး။ ဒီတော့ Data usage နည်းတဲ့ သူအတွက်လောက်ပဲ အဆင်ပြေပါမယ်။ ပြီးတော့ Cloud Storage ကို အလေးထား အသုံးပြုတဲ့ သူတွေ အတွက်လည်းအဆင်ပြေပါမယ်။
ဘက်ထရီ
ဘက်ထရီလည်း နည်းသွားပါတယ်။ 2000 mAh အားသာ ပါဝင်မှာ ဖြစ် ပါတယ်။ Samsung Galaxy S4 ထပ်တောင် 600 လောက် လျော့နေ ပါတယ်။ ဒီတော့ App များများ အသုံးပြုချင်သူများအတွက် စဉ်းစားစရာပါ။ သို့ပေမယ့် Mobile Power Usage plan ကောင်းကောင်းနဲ့ ဖွဲ့စည်းထား ရင်တော့ ဘက်ထရီ အတွက် ခေါင်းအစား သက်သာလောက် ပါတယ်။
Operating System
Android 4.2 Jelly Bean နဲ့ ပြပွဲမှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ နောက်လာမယ့် Android ဗားရှင်း တွေအထိ Upgrade လုပ်နိုင်ဖို့ လည်း ရည်ရွယ်ထားပါတယ်။
ဝယ်သင့် မဝယ်သင့်
Lenovo ကို မသုံးဖူးသေးဘူး။ သုံးဖူးတဲ့ သူအချို့ ပြောတာတော့ ကောင်းပါ တယ်တဲ့။ တရုတ်ပြည်ထွက်ချင်းအတူတူ Huawei နဲ့ ယှဉ်ရင် ဈေးကွက် အရောက် နောက်ကျတာ ထုတ်လုပ်မှု နည်းပါးခြင်းပါ။ Lenovo ကို အများစု သိထားတာက ကွန်ပြူတာ ထုတ်တဲ့ ကုမ္မဏီတစ်ခုအနေနဲ့ပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ယခု ၂၀၁၃ ခုနှစ် မှာ Lenovo အတွက် အဓိက ဝင်ငွေ ရှာပေးတာ မိုဘိုင်းဖုန်း Division ဖြစ်နေခဲ့ပါတယ်။ အဓိကကတော့ ဈေး သက်သက်သာသာနဲ့ ကမ္ဘာ့ဈေးကွက်ကို ဖြန့်ချိလို့ပါ။
မြန်မာပြည် ဈေးကွက်ကိုလည်း ရောက်ရှိပါတယ်။ Lenovo Vibe X လည်း ရောက်ရှိအုံးမှာပါ။ အောက်တိုဘာကို တရုတ်ပြည်မှာ ဖြန့်ပေမယ့် ကမ္ဘာကိုကျ ဒီဇင်ဘာမှ စဖြန့်မှာ ဖြစ်ပါတယ်။ ငွေ ၃ သိန်းခွဲလောက်ဆိုရင် ယှဉ်ရွေးစရာ အနေနဲ့ Huawei Ascend P6 နဲ့ အခြားသော တရုတ်ပြည်က brand ဖုန်းတွေ ရှိနေပါအုံးမယ်။ Samsung, Apple, HTC, LGတုန်းက အနည်းဆုံး ကန်ဒေါ်လာ ၆၀၀ ဝန်းကျင်လောက် နဲ့ မြန်မာပြည်ဈေးကွက်ကို ဝင်နေတာပါ။ ဒီတော့ ဈေးသက်သက်သာသာနဲ့ စမတ်ဖုန်း ကောင်း ကောင်း ကိုင်ချင်သူများအတွက် Lenovo Vibe X ကိုလည်း ထည့်သွင်း စဉ်းစား နိုင်ပါတယ်။
Ref: fonearena/pocketlint
Posted by kotarcomputer at 9:52 PM 0 comments
ကျောက်သင်ပုန်းကွန်ပြူတာ တွဲလျက်ပါ Asus နောက်ဆုံးထွက် Padafone
၂၀၁၂ ခုနှစ် ဧပြီလက ပထမဆုံး မျိုးဆက် Asus Padafone ထွက်ရှိ ခဲ့ပြီးသွားပါပြီ။ ယခု Infinity မှာတော့ အများကြီး ထူးခြားလာတာ တွေ့မြင် ရမှာ ဖြစ်ပါတယ်။ မကြာမီ ထွက်ရှိတော့မှာပါ။ တရားဝင် မိတ်ဆက် ပြသ ခဲ့ပြီး ဖြစ်ပါတယ်။ ဖုန်း အနေနဲ့ပဲ သုံးနေရုံမက၊ Tablet အနေနဲ့ပါ အသုံးပြု လို့ရအောင် Dock Tablet ပါရှိပြီး Notebook လိုသုံးချင်သေးရင် ကီးဘုတ် သက်သက် ဝယ်နိုင် ပါသေးတယ်။ GSM ဆင်းကဒ်ထည့်သုံးနိုင်တဲ့ ဖုန်းပါ။
Tablet က အမှန်တော့ Dock Station တစ်မျိုးပါပဲ။ ဖုန်းကို ထည့်လိုက်ရုံနဲ့ ၁၀.၁ လက်မ ကျယ်တဲ့ မျက်နှာပြင်ကနေ Tablet လိုမျိုး အသုံးပြုလို့ ရအောင် ဖန်တီးပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ ပထမဆုံး ထွက်ရှိ စဉ်က အမေရိကန်ဒေါ်လာ ၈၅၀ ကျော်တောင် ရှိခဲ့ပါတယ်။ 64 GB ဗားရှင်းဆိုရင် ကန်ဒေါ်လာ ၁၀၀၀ ကျော်တောင် ရှိပါတယ်။ ဒီတစ်ခါတော့ အရည် အသွေးမြင့်မားလာမှုအပြင် ဈေးနှုန်းကလည်း သက်သာ သွားပါတယ်။ ဖုန်းကိုပဲ အရင်လေ့လာရအောင်။
၎.၃ လက်မ အရွယ် HD resolution Display အသုံးပြု ထားပါတယ်။ Processor 2.2 GHz Quad Core Qualcomm Snapdragon 800 ကို အသုံးပြုထားပြီး နောက်ဆုံးထွက် အဆင့်မြင့်စမတ်ဖုန်း များနဲ့ ယှဉ်လို့ ရပါတယ်။ RAM လည်း 2GB ပါ။ Internal 64 GB ဗားရှင်းတော့ မထွက် ရှိတာ့ပါဘူး။ 16 GB နဲ့ 32 GB ဗားရှင်း ထွက်ရှိမှာ ဖြစ်ပါတယ်။ micro SD ကဒ်ထည့်ဖို့ slot ပါဝင်လာအုံးမှာ ဖြစ်ပါတယ်။ ကင်မရာက 13 Megapixel ပါ။ f2.0 rear camera ဖြစ်တာမို့ HTC One ရဲ့  Ulta pixel နည်းပညာ နဲ့အတူတူပဲလို့ ဆိုပါတယ်။ ရှေ့ ကင်မရာကတော့ 2 Megapixel ပါ။ Android 4.2 JellyBean နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။
Navigation နဲ့ အခြားသော Software/Feature များပါဝင်နေပါသေးတယ်။ ဖုန်းတပ်ဆင်မယ့် Tablet ကတော့ အရင်ကလို ၁၀.၁ လက်မ ဝန်းကျင် ပဲ ဖြစ်မှာပါ။ တိုက်နေနီယမ် အနက်ရောင်၊ ပလက်တီနမ် အဖြူရောင် ဆိုပြီး အရောင် ၂ မျိုးနဲ့ထွက်ရှိမှာ ဖြစ်ပါတယ်။ ဖုန်းချည်းသက်သက် ဝယ်မယ် ဆိုရင်တော့ 16 GB ကို ကန်ဒေါ်လာ ၆၄၀၊ 32 GB ကိုတော့ ကန်ဒေါ်လာ ၇၁၀ သတ်မှတ်ထားပါတယ်။
Infinity Station Dock လို့ခေါ်တဲ့ Tablet ကို ထပ်ဝယ်မယ်ဆိုရင်တော့ ကန်ဒေါ်လာ ၂၄၀ ကုန်ကျအုံးမှာပါ။ ဒေါ်လာ ၂၄၀ တန် Tablet က ဘယ်လို Feature တွေ ပါရှိမယ်ဆိုတာကို ဖော်ပြ မထားသေး ပါဘူး။ 16 GB Padafone တစ်စုံဝယ်မယ် ဆိုရင် ကန်ဒေါ်လာ ၈၈၀ လောက်တော့ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီတော့ မြန်မာပြည်မှာလည်း ငွေကျပ် ၈သိန်းခွဲလောက် ပေါက်ဈေးရှိနိုင်မယ့် စမတ်ဖုန်း+ကျောက်သင်ပုန်း ကွန်ပြူတာ တစ်စုံပါ။ ၄ သိန်းခွဲတန်ဖုန်းတစ်လုံးနဲ့ ၃ သိန်းခွဲ တန် ကျောက်သင်ပုန်း ကွန်ပြူတာ တစ်လုံး ဝယ်မယ်လို့ စိတ်ကူးရှိရင်တော့ တစ်မျိုးပေါ့။ ဖုန်းကောင်းကောင်းကိုင်ပြီး Tablet လိုမျိုး Feature အစံသုံးချင်ရင်တော့ Asus Padafone Infinity နဲ့လည်း လုံလောက် နိုင် ပါတယ်။
.
Ref: androidcommunity
Posted by kotarcomputer at 9:50 PM 0 comments
ဆမ်ဆောင်း နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် အမြတ်ငွေလျော့ကျ
Posted by kotarcomputer at 9:38 PM 1 comments
ဖုန်းခေါ်ဆိုမှုနှုန်းထားများ အထိုက်အလျောက် လျော့ကျနိုင်ဟုဆို
တယ်လီဖုန်း (Call Charge)များ သတ်မှတ်လျာထားရာတွင် ပတ်ဝန်းကျင်နိုင်ငံများ ၏ ဈေးနှုန်းများနှင့်လည်း ဈေးနှုန်းညှိနှိုင်းဆောင် ရွက်လျက် ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကပြောသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လစာစရိတ်၊ အခြေခံအဆောက်အအုံ (Infrastructure) စရိတ်များကိုလည်း တွက်ချက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရရှိလာသော ဘဏ္ဍာငွေ ကို နိုင်ငံတော်သို့ ပေးသွင်း၍ နိုင်ငံတော်၏ လိုအပ်သော ကဏ္ဍအသီးသီးတွင် ဖြည့်ဆည်း သုံးစွဲလျက်ရှိကြောင်း ဆိုသည်။ ယခု ဥပဒေအသစ အရ ကုမ္ပဏီကြီး လေးခု ယှဉ်ပြိုင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ရမည် ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်ရာတွင် အရည်အသွေး သာမက ဈေးနှုန်းများလည်း အထိုက်အလျောက် လျော့ကျလာနိုင် မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဆိုသည်။
တယ်လီဖုန်း ဆက်သွယ်မှု ဈေးနှုန်းများ (မိုဘိုင်း) လျှော့ချ ပေးသင့်ကြောင်းကို ပြည်သူများမှ ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ် ကော်မတီသို့ မေးမြန်းချက် အပေါ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအား ယခင်ဥပဒေအရ နိုင်ငံတော်ပိုင် အဖွဲ့အစည်းဖြစ်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကသာ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ မိုဘိုင်းဖုန်းခေါ် ဆိုမှုနှုန်းထားများ လျော့ကျလာစေရန် ဆောင်ရွက်သကဲ့သို့ မိုဘိုင်းဖုန်း အသုံးပြုမှု မြင့်တက်လာစေရန်လည်း အော်ပရေတာ လေးခု တို့ က ဆောင်ရွက်ကြ မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုမှုကို လာမည့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံလူဦးရေ ၈၀ ရာခိုင်နှုန်းအထိ ရောက်ရှိ သုံးစွဲနိုင်အောင် ဆောင်ရွက် မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြောကြားဖူးသည်။
ပြည်တွင်းအော်ပရေတာ နှစ်ခုဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ပြောင်းလဲမည့် အများပိုင်ကုမ္ပဏီ၊ အများပိုင်ရတနာပုံ တယ်လီပို့ ကုမ္ပဏီ၊ ပြည်ပအော် ပရေတာများဖြစ် ကြသော နော်ဝေးနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီနှင့် ကာတာနိုင်ငံ အခြေစိုက် အူရီဒိုကုမ္ပဏီတို့က ပြည်တွင်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား ယှဉ်ပြိုင် ဝန်ဆောင်မှု ပေးကြမည် ဖြစ်သည်။
Posted by kotarcomputer at 9:36 PM 0 comments
iPhone 5/5S အတွက် S View တို့လို ကာဗာထွက်ရှိ
Samsung စမတ်ဖုန်းတွေမှာ အသုံးပြုရတဲ့ S View ကာဗာ အကြောင်းကို သိသူများလည်း သိကြမှာ ဖြစ်ပါတယ်။ ရှေ့ မျက်နှာပြင်မှာ ပြတင်းပေါက် ပမာ ပွင့်နေပြီး ယင်းလေးထောင့်ကွက်ကလေး ကနေ အချိန် နာရီ၊ နေ့စွဲ၊ ရာသီဥတုအခြေအနေ အစရှိသဖြင့်တို့ကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီကာဗာကို အခြား ဖုန်းတွေမှာ အသုံးပြုလို့မရပဲ Samsung ဖုန်းတွေမှာ သာ အသက်ဝင်ပါတယ်။ ယခုတော့ ကမ္ဘာကျော် ဖုန်းကာဗာ ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်တဲ့ Moshi က iPhone 5 နဲ့ 5S အတွက် ကာဗာထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။
မျက်နှာပြင်မှာ အကွက်ငယ်လေး တစ်ခုသာ ချန်ထားပြီး ကျန်တဲ့အစိတ် အပိုင်းအားလုံးကို ပိတ်ထားပါတယ်။ ပိုလီကာဘွန်နိုက်အသား နဲ့ ပြုလုပ်ထားတဲ့ ယင်း ကာဗာက နောက်ကျောမှာတော့ Apple တံဆိပ်နဲ့ ကင်မရာ အကွက်တို့ကို ချန်ထားမှာ ဖြစ်ပါတယ်။ ရှေ့ မျက်နှာပြင်က အကွက်ငယ်လေးကနေ အချိန်၊ နေ့စွဲ၊ ရာသီဥတုအခြေနေ အစရှိသဖြင့် တို့ကို ကြည့်ရှုနိုင်ပြီး ဖုန်းအဝင်အထွက်များ ကိုလည်း ဖြေကြား နိုင် အုံးမှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်း ကာဗာဖွင့်စရာမလိုပဲ မျက်နှာပြင်ကနေ လုပ်ဆောင်ချက် အတော်များများကို လုပ်ဆောင်နိုင် မှာ ဖြစ် ပါတယ်။ Samsung က S View ကာဗာတွေလို အသုံးပြုလို့ရအောင် Moshi က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ LG မှာလည်း LG G2 စမတ်ဖုန်းအတွက် ယင်းကဲ့သို့ ကာဗာကို ဖန်တီး ထားပါသေးတယ်။
iPhone 5 နဲ့ 5S အတွက် ဖန်တီးထားတဲ့ ယင်း Sense Cover က ဈေးပို သက်သာကြောင်း ဆိုပါတယ်။ ကာလတန်ဖိုးအားဖြင့် ၄၅ ဒေါ်လာ ဝန်းကျင် နဲ့ ဖြန့်ချိ ရောင်းချနေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Posted by kotarcomputer at 9:33 PM 0 comments
Sunday, January 26, 2014
Android Mobile Phone များတွင် Internet ချိတ်နည်းများ
1.GSM Internet Setting ထည့်နည်း(for Android)
Android V4.0.3 အထက်သုံးသူများ အတွက်
Setting > More >Mobile Networks > Access Point Names ကို ၀င်ပါ။
အခြား Version များအတွက်
Setting >Wireless and Network >Mobile networks >Access Point Names ကို ၀င်ပါ။
Access Point Names ကို ရောက် လျှင် (MEMU) ကို နှိပ်ပါ။
ပြီးရင် New APN ကို နှိပ်ပါ။
Internet Setting ထည့်နည်း
Name ===> MPT
APN ===> mptnet
Username ===> mpt
password ===> မဖြည့်ပါ။
MCC ===> 414
MNC ===> 01
Authentication type ===> CHAP ကိုရွှေးပါ။
APN type ===> Internet ကိုရွေးပါ။
Menu ကို နှိပ်ပြီး Save ကို နှိပ်ပါ။
********************
2.CDMA 800MHz ဖုန်းတွေကို Internet Setting ချိတ်နည်း
Menu Key နှိပ်ပြီး Setting ထဲ ၀င်ပါ။ Wireless Network ထဲဝင်ပါ။
ICS မှာ More ထဲဝင်ပါ။ Mobile Network ထဲဝင်လိုက်ပါ။ Access Point Names ထဲဝင်လိုက်ပါ။
CTNET နဲ့ CTWAP ကိုတွေပါလိမ့်မယ်။ CTNET ထဲဝင်လိုက်ပါ။
Internet Setting ထည့်နည်း
Name - CTNET
APN - #777
Proxy - မထည့်ရပါ
Port - မထည့်ရပါ
Username - ကြိုက်တာရိုက်ပါ။
Password - ကြိုက်တာပေးပါ။
Server - မထည့်ရပါ
Authentication type - PAP or CHAP
APN type - default
APN protocol - IPv4
APN Roaming protocol - IPv4
Bearer - Unspecified
Data Bearer - Package Data
Prompt password - #777
========================================================
3. ၁၅၀၀ တန် CDMA ဖုန်း ( Android handset အမျိုးအစား) များအတွက် အင်တာနက် Setting ထည့်နည်း
၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ (ဥပမာ – lamin )
APN – #777
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – lamin@c800.mm
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
------
ဒါက Comment မှာ KILLER MHDR ဆိုတဲ့ မိတ်ဆွေတစ်ယောက် ရေးသွားတာ..
1. APN NAME (MPTNET ,MECTEL) -ဒိအပြင် မိမိကြိုက်နှစ်သက်သည့်NAMEပေးနိုင်သည်။
2.USER NAME (cdma@c800.mm, card@c800.mm) ၄င်းနှစ်ခုအနက်တစ်ခုကိုအသုံးပြုနိုင်သည်။
3.PASSWORD (card,cdma) တို့ကိုတစ်ခု(သို့)တစ်ခုအသုံးပြုနိုင်ပါသည်။
၎င်းsetting သည်cdma usb modem နှင့်usb router နှင့်အသုံးပြုရန်ဖြစ်သည်။
******************************************************
4.ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း
ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ
ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။
Posted by kotarcomputer at 8:06 PM 0 comments
iOS တွေမှာ zapya,facebook မှ download လုပ်ထားသောmp3 ကို music ထဲမှာ ပေါ်အောင်လုပ်တာနည်း
iOS ကိုင်ဆောင်သူတွေ အတွက် * you tube, facebook, zapya * အစရှိသဖြင့်
music file .mp3 ဖိုင်လေးတွေ ဒေါင်းလုပ်ထားတာဖြစ်ဖြစ် share လို့
ရလာတာဖြစ်ဖြစ် . iphone music ထဲ ကို တစ်ခါတည်းမရောက်ပါဘူး … itools
သို့မဟုတ် ifunbox, etc အသုံးပြုပြီး music ထဲကို ပြန်ထည့်မှ ရပါတယ်…. ဒီ
tweak လေးက မိမိ download or share ထားတဲ့ .mp3 ဖိုင်ရဲ့ နေရာကို သိရင်
တစ်ခါတည်း… music ထဲကို ရောက်ပါတယ် just one step ပါ..
အသုံးပြုနည်း
၁ .. မိမိ download or share ထားသော .mp3 location ကိုရှာပါ ဥပမာ ZAPYA နဲပ share ထားရင် zapya folder ကိုရှာပါ
၃ ဒုတိယပုံမှာ ပြထားတဲ့အတိုင်းedit ID3 Tag ကတော့ သီချင်းရဲ album name, song name ,etc ပြင်တာပါ / open in ကတော့ သီချင်းကို ဘယ် software နဲ့ ဖွင့်မလဲ မေးတာပါ/ import ကတော့ သီးချင်းကို music ထဲကို ထည့်တာပါ…
၎ တတိယပုံကတော့ music ရောက်သွားတာကို ပြထားတာပါ…
tweak name = track import
sources = iphone.gsm.vn
ios 6 + ios 7 + အဆင်ပြေါသည်
Posted by kotarcomputer at 8:03 PM 0 comments
HTC One Max
ကင်မရာကတော့ 4 Ultra Pixel ရှိတဲ့ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Pixel Resolution တွေအနေနဲ့ကတော့ 2688×1520 ထိ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် ကင်မရာစနစ်ပိုင်းတွေ အနေနဲ့လည်း အလင်းရောင်အတွက် LED Flash, ဓာတ်ပုံ ရိုက်တဲ့အခါမှာ ဓာတ်ပုံရဲ့ တည်နေရာတွေကို မှတ်သားပေးနိုင်မယ့် Geotagging, ပုံရိပ်ရဲ့ မျက်နှာကို မှတ်သားနိုင်မယ့် Face Detection စနစ်နဲ့ ဓာတ်ပုံရိုက်ခံသူရဲ့ အပြုံးတွေကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ့် Smile Detection စနစ်တွေအပြင် Simultaneous HD video and image recording, Stereo Sound Recording စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဗီဒီယို စနစ်အတွက်လည်း အသုံးပြုနိုင်မှာ ဖြစ်ပြီး ရှေ့ကင်မရာ အတွက်လည်း 2.1 Megapixel ရှိတဲ့ ကင်မရာ ပါဝင်ပါတယ်။ Dual ကင်မရာ စနစ်ပါ။ ကင်မရာစနစ်ပိုင်းမှာတော့ Dual Capture စနစ်ကို ထပ်မံ တိုးမြှင့်ထားတာ တွေ့ရပြီး ရှေ့ကင်မရာနဲ့ နောက်ကင်မရာ နှစ်ခုစလုံးကို တစ်ပြိုင်နက် ဖွင့်ပြီး ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ HTC &JU Zoe စနစ်ကလည်း ဓါတ်ပုံတွေ အတွက် အကောင်းဆုံး ဖန်တီးမှုတွေကို ပြုလုပ်ပေးနိုင်မှာ ဖြစ်ပြီး Video Highlights ဆိုတဲ့ စနစ်ကလည်း Video Edit ပြုလုပ်ခြင်းတွေကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
CPU & GPU
CPU ကတော့ Quad-core 1.7 GHz Krait 300 CPU ကို ထည့်သွင်း အသုံးပြုထားတာ ဖြစ်တဲ့အတွက် ပထမထွက်ခဲ့တဲ့ HTC One နဲ့ CPU ချင်း တူညီပါတယ်။ ဂရပ်ဖစ်စနစ် အတွက်လည်း Adreno 320 GPU ကို ထည့်သွင်း တပ်ဆင်ထားတာ ဖြစ်တဲ့အတွက် HTC One နဲ့ CPU ချင်းလည်း တူညီပါတယ်။
Sensor & Chipset
ဖုန်းကို အသုံးပြုတဲ့နေရာမှာ ဖုန်းကနေ အလိုအလျောက် သိရှိတုံ့ပြန်နိုင်မှုတွေအတွက် ထည့်သွင်းပေးထားတဲ့ Sensor စနစ်ပိုင်းတွေမှာတော့ Accelerometer, Proximity, Gyro, Compass အစရှိတဲ့ နည်းပညာမြင့် ဖုန်းတွေမှာ ပုံမှန်ပါဝင်နေကျ Sensor စနစ်လေးမျိုးကိုပဲ ထည့်သွင်းပေးထားတာ တွေ့ရပြီး Finger Print Sensor ကတော့ ထပ်ပေါင်း ဖြည့်စွက်မှုတစ်ခုပဲ ဖြစ်ပါတယ်။ Chipset ကတော့ Qualcomm APQ8064 Snapdragon 600 Chipset ကို ထည့်သွင်း အသုံးပြုထားတာ တွေ့ရပါတယ်။
OS
OS ကတော့ Android OS ကို အသုံးပြုထားတာ ဖြစ်ပြီး Version က တော့ 4.3 Jelly Bean ဖြစ်ပါတယ်။
Multimedia
SNS integration, Google Drive (50 GB storage), Active noise cancellation with dedicated mic, TV-out (via MHL A/V link), MP4, WMV player, MP3, WMA, FLAC player, Google Search, Maps, Gmail, YouTube, Calendar, Google Talk, Organizer, Document viewer/editor, Photo viewer/editor, Voice memo/dial/commands အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။
Screen
Screen Size ကတော့ 5.9 Inch ရှိပါတယ်။ Screen Pixel ကတော့ 1080×1920 pixels ဖြစ်ပါတယ်။ Screen အမျိုးအစားကတော့ Super LCD3 အမျိုးအစားပါ။
Memory
ဖုန်းတွင်း မှတ်ဉာဏ်အတွက် Internal Memory 16/ 32GB ပါဝင်ပြီး 2GB RAM ပါဝင်ပါတယ်။ မှတ်ဉာဏ်ထပ်တိုးဖို့ အတွက်လည်း Micro SD 64GB ထိထောက်ပံ့ပေးနိုင်ပါတယ်။
Dimension & Weight
Metal ဘော်ဒီကို အသုံးပြုထားပြီး ဖုန်းရဲ့ အရွယ်အစားကတော့ အမြင့်က 164.5mm ရှိပြီး ဘေးတိုက် အကျယ်ကတော့ 82.5mm ရှိပါတယ်။ ဖုန်းရဲ့အထူကတော့ 10.3mm ပါ။ ဖုန်းရဲ့ Flip Cover ကလည်း ဘက်ထရီကို အားပြန်သွင်းပေးနိုင်မယ့်စနစ် ပါဝင်ပါတယ်။
Network
ဒါကတော့ HTC ကနေ အသစ်ထပ်မံ ဝင်ရောက်လာတဲ့ နည်းပညာမြင့် ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဆန်းသစ်တဲ့ နည်းပညာတွေကို ပေါင်းစပ်ထားပြီး ပထမထွက်ခဲ့တဲ့ HTC One ထက် အရွယ်အစားက များစွာ ကွာခြားသွားပါတယ်။ နည်းပညာအသစ် တိုးမြှင့်မှုတစ်ခု အနေနဲ့တော့ ဒီဖုန်းမှာ Fingerprint Sensor စနစ်ကို တိုးမြှင့်တပ်ဆင်ထားတာ တွေ့ရမှာပါ။ ဒါ့အပြင် ဖုန်းတွင်း အသုံးပြု နည်းပညာပိုင်းတွေမှာလည်း အသစ်ထပ်မံ တိုးမြှင့်ထားမှုတွေ ရှိနေပါတယ်။ ကွန်ရက်ကတော့ GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားပါ။ 2G, 3G ကွန်ရက် နှစ်မျိုးစလုံးအပြင် 4G LTE ကွန်ရက်အတွက်လည်း ထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။ အင်တာနက်စနစ်တွေ အတွက်ကတော့ EDGE, GPRS, HADPA, HSUPA စနစ်တွေနဲ့ WiFi စနစ်ကို အသုံးပြုနိုင်မှာပါ။ Bluetooth ကတော့ 4.0 ဖြစ်ပြီး USB ကတော့ 2.0 ပါပဲ။
Posted by kotarcomputer at 7:58 PM 0 comments
Google က အင်တာနက် မြန်နှုန်းကို YouTube Video များဖြင့် စမ်းသပ်နိုင်တဲ့ ၀န်ဆောင်မှု ကို စတင်
ကမ္ဘာတစ်ဝန်းလုံးမှာ Google ရဲ့ Server တွေရှိပြီး တည်နေရာ အလိုက် အနီးဆုံး Server ကနေ ဗီဒီယို တွေကို ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။ ISP တွေရဲ့ Network ပမာဏ က ဗီဒီယို တွေကို ကောင်းမွန်စွာ ပြသပေးနိုင်တဲ့ အဓိက အချက်ဖြစ်ပါတယ်။ Google က စမ်းသပ် တိုင်းတာမှု သတင်းအချက်အလက်တွေကို ကောက်ယူပြီး ISP တွေကို အဆင့်သတ်မှတ်ပေးမှာဖြစ်ပါတယ်။ 720p Video ရဲ့ ကိုးဆယ် ရာခိုင်နှုန်းကို ပြသပေးနိုင်တဲ့ ISP ဟာ Google ရဲ့ YouTube HD Verified အဆင့်ကို ရရှိမှာဖြစ်ပါတယ်။ အင်တာနက် အသုံးပြုသူတွေကလည်း ကိုယ်တိုင် စမ်းသပ်နိုင်ပြီး ရလဒ်အသေးစိတ်ကို သိနိုင်မှာဖြစ်သလို အချိန်အပိုင်းအခြားအလိုက် စွမ်းဆောင်ရည်တွေကို ဂရပ်ဖ် တွေနဲ့ ပြသပေးမှာဖြစ်ပါတယ်။
အဲဒီ သတင်းအချက်အလက်တွေဟာ ISP Company နဲ့ အသုံးပြုသူတွေကို အကျိုးရှိစေမှာဖြစ်ပါတယ်။ ISP တွေက သူတို့ရဲ့ စွမ်းဆောင်ရည် ကို သိရှိပြီး ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သလို အသုံးပြုသူတွေကလည်း စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ISP တွေကိုသိရှိ ရွေးချယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Posted by kotarcomputer at 7:55 PM 0 comments
iOS အသုံးပြုသူတွေရဲ့ ဒေတာ တွေကို NSA က ရယူနေခြင်း ကို Apple က ငြင်းဆို
Apple CEO ဖြစ်သူ Tim Cook က အဆိုပါ သတင်းတွေကို ခါးခါးသီးသီး ငြင်းဆိုလိုက်ပြီး NSA ကို iOS အသုံးပြုသူတွေရဲ့ သတင်းအချက်အလက်တွေ ရယူခွင့်ပေးထားခြင်းမရှိပါဘူးလို့ ပြောပါတယ်။ အစိုးရ က Apple ရဲ့ Servers တွေက သတင်းအချက်အလက်တွေကို ရယူချင်တယ်လို့ပြောလာရင်တောင် အခွင့်ပေးမှာမဟုတ်ပါဘူးလို့ ဖြည့်စွက်ပြောပါတယ်။
Cook က ABC ရုပ်သံ နဲ့ တွေ့ဆုံတဲ့ အစီအစဉ်မှာ ကောလဟာလ တွေ နဲ့ ပတ်သက်ပြီး ရှင်းပြ ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ NSA နဲ့ လုံးဝ ပတ်သက်မှု မရှိကြောင်း ကြေညာခဲ့ပါတယ်။ သူတို့ Company က ၀န်ထမ်း တွေ ကနေ အတွင်းရေး တွေမပေါက်ကြားအောင်လည်း ကာကွယ်ထားတယ်လို့ ပြောပါတယ်။
အဆိုပါ အင်တာဗျူးမှာ Apple ရဲ့ နောက်ထုတ်မယ့် ချပ်ဝတ်တန်ဆာ ကွန်ပြူတာ တွေ အကြောင်း ကို လည်း ပြောဆိုဆွေးနွေး ခဲ့ပါသေးတယ်
Posted by kotarcomputer at 7:54 PM 0 comments
Saturday, January 25, 2014
Mobile Guide ဂျာနယ် အတွဲ(၂)၊အမှတ်(၃၈)
ဒီတပတ်ထွက်ရှိလာတဲ့ Mobile Guide ဂျာနယ်ကို တေးကမ္ဘာရဲ့ မိတ်ဆွေ ၊ ဖောက်သည်များအတွက်
တင်ပေးလိုက်ပါတယ်
Download
Posted by kotarcomputer at 9:36 PM 0 comments
Facebook v 7.0.0.0.7 for android(latest version)
• Status update များ ၊ ဗီဒီယိုများ ၊ ဓာတ်ပုံများကို share ခြင်း
• Friend များမှ သင့်ရဲ့ပုံ ၊ စာကို Like/Comment ပေးပါက ဖုန်းတွင် notification အချက်ပေးခြင်း
• Friend တစ်ဦးချင်းနှင့် chatting ပြုလုပ်နိုင်ခြင်း ၊ Friend အများကြီးနှင့် group chat ပုံစံပြုလုပ်နိုင်ခြင်း
• Facebook game များကို Facebook for Android ကိုအသုံးပြု၍ဆော့ကစားနိုင်ခြင်း စသည်တို့ကိုပြုလုပ်နိင်မှာဖြစ်ပါတယ်။
Facebookv7.0.0.0.7 for Android ကိုအောက်က link မှာရယူနိင်ပါတယ်။
Download
တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဘူးဆိုရင်
တေးကမ္ဘာ မိုဘိုင်း ( တောင်ငူ )
ဗိုလ်မှူးဖိုးကွန်းလမ်း
မှာ လာရောက်ထည့်သွင်းနိုင်ပါတယ်
Posted by kotarcomputer at 9:35 PM 0 comments
EMMC ဆိုတာ
ကိုယ်က ကွန်ပျူတာပဲ ပြင်တာလေ ..။ လာမေးတော့လဲ လေ့လာရတော့တာပေါ့ ပြီးတော့
ဒီတော့ မသိသေးတဲ့ Users တွေအတွက်ရည်ရွယ်ပြီး EMMC အကြောင်းကိုရှင်းပြပေးချင်ပါတယ်။ EMMC ဆိုတာ Smart Phones တွေ ၊ Tablet တွေ မှာပါဝင်တဲ့ Electronic Chip တစ်ခုပါ။
မိုဘိုင်း Device တွေမှာပဲပါဝင်တာလားဆိုရင်တော့မဟုတ်ပါဘူး ။ GPS Devices တွေ ၊ Digital Camera တွေ၊ e-Readers တွေ နဲ့အခြား မိုဘိုင်း Devices မှာထည့်သွင်းအသုံးပြုထားတဲ့ chip တစ်ခုဖြစ်ပါတယ်။
EMMC ဆိုတဲ့ဝေါဟာရရဲ့ အရှည်ကောက်ကတော့ Embedded Multi-Media Controller လို့အမည်ရပါတယ်။ embedded Multi-Media Controller ဆိုတဲ့ဝေါဟာရကို အတိုခေါ်လိုက်တော့ EMMC ဖြစ်သွားတယ်ပေါ့နော်။
EMMC Chip တွေဟာ Device တစ်ခုရဲ့Boot နဲ့ embedded/external Storage အပိုင်းတွေအတွက် အဓိကလုပ်ဆောင်ပေးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။
EMMC Chip ထဲမှာ (multimedia card) interface ၊ flash memory နဲ့ flash memory controller ဆိုပြီး သုံးပိုင်းပါဝင်ပါသေးတယ်။ EMMC Chip တွေဟာ Densities range အားဖြင့် 4 GB ကနေ 128 GB အထိအမျိုးမျိုးရှိပါတယ်။ Voltage Level အားဖြင့် 1.8 V နဲ့ 3.3 V အတွင်းမှာ EMMC Chip တွေဟာလုပ်ဆောင်နိင်တယ်လို့အကြမ်းဖျဉ်းမှတ်သားနိုင်ပါတယ်။
EMMC Chip အသုံးပြု မိုဘိုင်းdevices အရေအတွက်ဟာ လက်ရှိအချိန်အထိ အလုံးရေသန်းပေါင်း ၂၉၀ ကျော်ရှိနေပြီလို့သိရပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ ဒီထက်ပိုမိုများပြားလာမှာဖြစ်ပြီး Android ,iPhone နဲ့ Windows Phone တွေမှာ ပိုမိုအသုံးပြုလာကြလိမ့်မယ်လို့
ထင်ရပါတယ် ။ ဒီလောက်ဆိုရင် EMMC ဆိုတာဘာလဲ ၊ EMMC ရဲ့အကြောင်းကို သိရှိကြမယ်လို့ ထင်ပါတယ်။
Posted by kotarcomputer at 9:32 PM 0 comments
iTunes v11.1.4 for Window XP/7/8(latest version)
iTunes v11.1.4 for Window XP/7/8(latest version)
iPhone/Pad/Pod အသုံးပြုနေကြတဲ့ Apple User တွေအတွက် အသစ်ထွက် iTunes နောက်ဆုံးဗားရှင်းလေး v11.1.4 ကိုတင်ပေးလိုက်ပါတယ်။ iTunes မရှိဘဲနဲ့ ကွန်ပျူတာနဲ့ iPhone/Pad/Pod touch ကိုချိတ်ဆက်အသုံးပြုလို့မရပါဘူး ။ ဒီဗားရှင်းမှာတော့ iOS 7 တင်ထားတဲ့ Devices တွေအထိကိုအသုံးပြုနိုင်ပါပြီ။ ဒီဇိုင်းလဲပိုလှလာပါတယ်။ Windwo XP/ Windows 7 / Window 8 တို့မှာအသုံးပြုနိုင်ပါတယ်။ iTunes v11.1.4 for Window XP/7/8 ကိုအောက်က link မှာရယူနိုင်ပါတယ်။
itunes v 11.1.4 အားရယူရန်
Posted by kotarcomputer at 9:28 PM 0 comments
iOS application များကိုအလွယ်ကူဆုံး Crack လုပ်နည်း
ဖြေပေးလိုက်ရခြင်းပါ။ အလွယ်ကူဆုံး Crack လုပ်နည်းရှိပါတယ်။ အသိတစ်ခုတိုးစေရန်သာရည်ရွယ်ပြီး ကောင်းမွန်စွာအသုံးချဖို့သာရည်ရွယ်ပါတယ်။ Crack လုပ်နည်းအကြောင်းမပြောခင် iOS Crack app ဆိုတာဘာလဲဆိုတာကို မသိသေးတဲ့ Beginner user တွေကိုရည်ရွယ်ပြီး ရှင်းပြဖို့လိုဦးမယ်ထင်ပါတယ်။ iOS ရဲ့ Official Store ဖြစ်တဲ့ iTunes ကနေ ကိုယ်ပိုင် iTunes acc အသုံးပြု download ရယူထားတဲ့ application (သို့မဟုတ်) game ကို ယင်း ကိုယ်ပိုင် iTunes account ထည့်ထားတဲ့ iPhone/Pad တွေမှာပဲထည့်သွင်းအသုံးပြုလို့ရပါတယ်။ အဲဒီတော့ တခြား iDevices ပေါင်းစုံမှာ တခြားသူရဲ့ iTunes acc နဲ့ download ရယူထားတဲ့ iOS app (ipa) ဖိုင်ကိုသွင်းချင်တယ်ဆိုရင်တော့ ယင်း iOS app ဖိုင်ကို download ရယူခဲ့တဲ့ iTunes acc data တွေဖယ်ရှားထားရမှာဖြစ်ပါတယ်။ ဒါက users အားလုံး နားလည်လွယ်အောင်ပြောခြင်းသာဖြစ်ပါတယ်။ ယင်းသို့ ပြုလုပ်ထားတဲ့ iOS app ဖိုင်သည် cracked app ဖိုင်ဖြစ်ပါတယ်။ ယင်း cracked app ဖိုင်ကိုသွင်းမယ့် ဖုန်းသည်လည်း Jailbreak လုပ်ပြီးသား ၊ Appsync လို့ခေါ်တဲ့ Cydia Tweak သွင်းပြီးသားဖြစ်ရပါမယ်။ ပြီးလျှင်တော့ Cracked app တွေကိုကိုယ့်ရဲ့ iPhone/Pad မှာသွင်းပြီးအသုံးပြုလို့ရပါပြီ။ ဒါဆိုရင် အလွယ်ဆုံး Crack နည်းအကြောင်းကိုပြန်သွားပါမယ်။ CrackAddit လို့ခေါ်တဲ့ Cydia Tweak လေးကိုအသုံးပြု၍ Crack ခြင်းပဲဖြစ်ပါတယ်။ ဒီ tweak လေးဟာ တစ်ချို့ iOS app တွေ အလွယ်တကူ crack လို့မရအောင်ပြုလုပ်ထားတာတွေကိုတောင်မှ Crack လုပ်ပေးနိင်လောက်အောင် လန်းတာကိုတွေ့ရပါတယ်။ အရင်ဆုံး ဒီ tweak လေးကို
http://cydia.appaddict.org/ ကနေ ၀င်ရောက်သွင်းယူလိုက်ပါ။ ပြီးလျှင်တော့ Home Screen ပေါ်မှာ CrackAddict လို့ခေါ်တဲ့နာမည်နဲ့ application လေးရောက်နေပါပြီ။ ယင်းဆော့ဝဲထဲသို့ဝင်ပါ။ Device ထဲမှာသွင်းထားသမျှဆော့ဝဲတွေ list နဲ့ပေါ်လာပါမယ်။
ကိုယ် crack လိုသော application ပေါ်ကို နှိပ်လိုက်ပါ။ ပြီးလျှင် Make it suffer ကိုနှိပ်ပါ။
ခရမ်းရောင်လေးနှင့်ဖြစ်သွားပြီး ဆော့ဝဲအားစတင် crack နေပါပြီ။
crack ပြီးသွားလျှင် Crack လုပ်လို့အောင်မြင်ကြောင်း Message ပြပါလိမ့်မယ်။
ပြီးလျှင်မိမိ crack လုပ်ထားသော crack app ဖိုင်အား iFanbox ကဲ့သို့သော Tool ကိုအသုံးပြု၍ File Manager မှတဆင့် Users/Documents/Cracked/ ထဲသို့ဝင်၍ ကွန်ပျူတာထဲသို့ cracked app ဖိုင်အားပြန်လည်ထုတ်ယူနိုင်ပါပြီ။
Crack လုပ်ထားပြီးသော app list အားကြည့်ရှုလိုလျှင်လည်း CrackAddit ဆော့ဝဲထဲက Cracked apps ဆိုတဲ့ tab ကိုနှိပ်၍ ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Posted by kotarcomputer at 9:26 PM 0 comments
Screen အရွယ်အစား 4.7လက္မနဲ့ ထွက်ရှိလာဖွယ်ရှိတဲ့ iphone6
အသစ်ထွက်ရှိတော့မယ့် iphone6 ရဲ့ သတင်းတွေ
တစ်နေ့တစ်ခြားထွက်ပေါ်လျက်ရှိနေတာနဲ့အမျှ
ဒီဇိုင်းတွေကလည်းအမျိုးမျိုးပါပဲ။အခုလည်း စပိန်သားဒီဇိုင်နာ Alex
Casabo(အဲလက်စ် ကာဆာဘို)ရဲ့ အသစ်ထွက်ရှိလာမယ့် iphone6 ရဲ့ပုံတွေကို
ထုတ်ဖော်ပြသမှုတွေပြုလုပ်ခဲ့ပါတယ်။သူပြောပြတာကတော့ အခုအသစ်ထွက်လာမယ့်
Iphone6မှာ စကရင် အရွယ်အစား- 4.7 လက္မ၊Gorilla Glass 3 display၊ A8
quad-core processor၊1.2ghz/ဘက်ထရီ 1930 mAh,600DPI pixel density
screen၊Body အနေနဲ့ 5.5mm အထူအသုံးပြုမှာဖြစ်ပြီး fingerprint sensor
ပြန်လည်ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်.။အသစ်ထွက်လာမယ့် Iphone6
ရဲ့ဖြစ်နိုင်ဖွယ် ဒီဇိုင်းတွေကို အောက်မှာ ကြည့်ကြည့်ရအောင်။
Posted by kotarcomputer at 9:23 PM 0 comments
Samsung Galaxy Tab 3 Lite
ခုနစ်လက်မအရွယ် 1024×600 Pixel Display ကို တပ်ဆင်ထားပါတယ်။ 1.2GHz Dual-Core Processor ,1GB RAM, 8GB Storage , MicroSD Card Slot တို့တပ်ဆင်ထားပါတယ်။ 32GB အထိဝင်ဆန့်တဲ့ SD Card အသုံးပြုနိုင်ပါတယ်။ WiFi, WiFi Direct , 2G တို့ကို အသုံးပြုနိုင်ပါတယ်။ 3G HSPA + အသုံးပြုနိုင်ပြီး 21Mbps Download Speed , 5.76Mbps Upload Speed ရရှိနိုင်တယ်လို့သိရပါတယ်။ 3600mAh Battery တပ်ဆင်ထားပြီး တစ်ခါအားသွင်းထားရင် ရှစ်နာရီကြာ ဗီဒီယို ကြည့်ရှုနိုင်တယ်လို့သိရပါတယ်။ Android 4.2 Jelly Bean လည်ပတ်မောင်းနှင်မှာ ဖြစ်ပါတယ်။
Tab 3 နဲ့ Tab 3 Lite တို့ကို နှိုင်းယှဉ် ကြည့်မယ်ဆိုရင် Lite ရဲ့ အနောက်ဘက် ကင်မရာ ကို 2MP တပ်ဆင်ထားပြီး Tab 3 ရဲ့ အနောက်ဘက် ကင်မရာ ကို 3.15MP တပ်ဆင်ထားပါတယ်။ Lite မှာ အရှေ့ဘက် ကင်မရာ မပါရှိပါဘူး။ Lite ရဲ့ အထူက 9.7mm ဖြစ်ပြီး Tab 3 က 9.9mm အထူရှိတဲ့အတွက် Lite က ပိုမိုပါးလွှာလာပါတယ်။
Tab 3 Lite ရဲ့ မျက်နှာပြင် မှာ နေရာလွတ်တွေပိုမိုရရှိစေဖို့ Menu Bar ကို မျက်နှာပြင် ကနေ မျက်နှာပြင် ရဲ့ အောက်က ဘောင် ပေါ်ကို ပြောင်းရွှေ့ထားပါတယ်။ Internal Storage , SD Card တို့အပြင် Dropbox မှာ 50GB Storage ရရှိမယ်လို့ သိရပါတယ်။ Polaris Office ကိုလည်း ထည့်သွင်းပေးထားပါတယ်။
ရောင်းချမယ့် နေ့ရက် နဲ့ ဈေးနှုန်းကို Samsung က ပြောကြားခြင်း မရှိသေးပါဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရောင်းချမယ်လို့ပြောကြားထားပြီး အဖြူ နဲ့ အနက် နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ 8GB Galaxy Tab 3 ကို ဒေါ်လာ နှစ်ရာ နဲ့ ရောင်းချနေတဲ့အတွက် Tab 3 Lite ရဲ့ ဈေးနှုန်း ဟာ လည်း အဲဒီ ၀န်းကျင်လောက်သာရှိမယ်လို့ သုံးသပ်ပါတယ်။
Posted by kotarcomputer at 9:20 PM 0 comments
SE-ME-WE 5 အင်တာနက် ဆက်ကြောင်းသစ် ဖိုက်ဘာလိုင်း တည်ဆောက်ရန် တင်ဒါခေါ်
အင်တာနက် အသုံးပြုမှု အဆင်ပြေစေရေးအတွက် ချိတ်ဆက် သွယ်တန်းနေသော
SE-ME-WE
5 မြန်နှုန်းမြင့် အင်တာနက် ဆက်ကြောင်းတွင် ဖိုက်ဘာလိုင်း တည်ဆောက်ရန်
တင်ဒါခေါ်ယူထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးချုပ်အခြေစိုက်
ပြည်ပဆက်သွယ်ရေး စခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
ပုသိမ်-ငွေဆောင် မြေအောက် အင်တာနက် ဖိုက်ဘာဆက်ကြောင်း တည်ဆောက်ခြင်း၊
စက်ခန်း ပြင်ဆင်ခြင်းနှင့် ဂိုဒေါင်သစ်နှစ်လုံး တည်ဆောက်ခြင်း
လုပ်ငန်းများအတွက် ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရန်
ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို တင်ဒါ ခေါ်ယူထားကြောင်း ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။
SE-ME-WE 5 က လောလောဆယ်မှာ ဘယ်အချိန်ပြီးမလဲ ကြိုမပြောနိုင်သေးပါဘူး။
နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ စီမံကိန်း ဖြစ်နေတဲ့အတွက်
သူတို့ရေးဆွဲထားတဲ့ စီမံကိန်း အတိုင်းပဲ ဆောင်ရွက်နေပါတယ်” ဟု
ရုံးချုပ်အခြေစိုက် ပြည်ပ ဆက်သွယ်ရေး စခန်းမှ အရာရှိကြီးတစ်ဦးက ဆိုသည်။
ယင်းအင်တာနက် ဆက်ကြောင်းသစ်နှင့် ချိတ်ဆက် လုပ်ကိုင်မည့် ပြည်ပ
ဆက်သွယ်ရေးစခန်းသစ်ကို ပုသိမ်မြို့တွင် တည်ဆောက်နေပြီး
မူဆယ်-မန္တလေး-ရန်ကုန်-ပုသိမ်-ချောင်းသာဒေသများ တစ်လျှောက် ဖိုက်ဘာအင်တာနက်
ဆက်ကြောင်း သွယ်တန်း တပ်ဆင်မည့် စီမံကိန်း ဖြစ်သည်။
“SE-ME-WE 5 က သွယ်မယ်လို့ ပြောနေတာ ကြာနေပြီ။ အခုချိန်အထိ
မပြီးသေးဘူးလား။ လက်ရှိသုံးနေတဲ့ SE-ME-WE 3 ကေဘယ်ရဲ့ သက်တမ်းက နှစ် ၂၀
ကျော်နေပြီ။ နိုင်ငံ ၃၀ ကျော်လောက်က လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံတကာ
ဆက်သွယ်ရေး ကေဘယ်ကြီးလေ။ အင်တာနက် အမြန်နှုန်း နှေးကွေးတဲ့ ပြဿနာက
တိုင်းပြည်ကို အများကြီး ဒုက္ခပေးနေတဲ့ ပြဿနာပဲ။ အမြန်ဆုံး ပြေလည်အောင်
လုပ်ရမှာ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက
မှတ်ချက်ပြုသည်။
အဆိုပါ SE-ME-WE 5 နိုင်ငံတကာ အင်တာနက် ဆက်ကြောင်း တည်ဆောက်မှု
လုပ်ငန်းများကို China Unicom ကုမ္ပဏီက ဦးစီး ဆောင်ရွက်လျက်ရှိပြီး
နိုင်ငံပေါင်း ၁၈ နိုင်ငံ ချိတ်ဆက် အသုံးပြုသွားမည် ဖြစ်သည်။
Credit to:The Voice Weekly
Posted by kotarcomputer at 9:19 PM 0 comments
Wednesday, January 22, 2014
ဆက်လက်ဖြန့်ဖြူးရောင်းချသွားမည့် တန်ဖိုးနည်းမိုဘိုင်းဖုန်းSim Card များ
Posted by kotarcomputer at 11:27 PM 0 comments
Tuesday, January 21, 2014
တေးကမ္ဘာ Mobile ရဲ့ သတင်း Application လေးပါ
ကျွန်တော်တို့ တေးကမ္ဘာ မိုဘိုင်း ( တောင်ငူ ) က ရေးသားတဲ့ ဒီ App လေးကနေ
မိုဘိုင်းနဲ့ ပတ်သတ်တဲ့ Up to Date သတင်းအစုံကို Offline ဖတ်ရှုနိုင်မှာဖြစ်ပြီးတော့
Android Softwares တွေ Iphone Softwares တွေ Root Tools တွေကိုလည်း
ဒီ Application လေးထဲမှာတင်ပဲ Download ဆွဲနိုင်မှာဖြစ်လို့
Mobile Phone ရှိသူတိုင်း ထည့်ထားသင့်တဲ့ App လေးဖြစ်ပါတယ်
ဒေါင်းလုပ်လုပ်ရန်
Posted by kotarcomputer at 4:31 AM 0 comments
Monday, January 20, 2014
လူစည်ကားရာနေရာများတွင် အင်တာနက်လိုင်းမလိုဘဲ အိတ်ဆောင်ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများဖြင့် စာအုပ်များ ဖတ်ရှုနိုင်မည့် Public Digital Library ဝန်ဆောင်မှု ဆောင်ရွက်မည်
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း လူစည်ကားရာနေရာများတွင်
အင်တာနက်လိုင်း မလိုအပ်ဘဲ အိတ်ဆောင်ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများဖြင့်
စာအုပ်ပေါင်း ၂၀၀၀၀ နီးပါးကို ထုတ်လွှင့်ပေးမည့် Public Digital Library
ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးအောင်ကြည်က ပြောသည်။
အဆိုပါ အခမဲ့ကြည့်ရှုနိုင်သော Public Digital Library Service 200 ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော ပြည်သူ့စာကြည့်တိုက် ၁၀၀ ၌ စာဖတ်ပရိသတ်ပြည်သူများ အင်တာနက် အခမဲ့ သုံးစွဲနိုင်ရေးအတွက် ကြိုးမဲ့အင်တာနက်စနစ် (Wi-Fi) များ တပ်ဆင်၍ ဝန်ဆောင်မှုပေးခြင်းကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တတိယနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်သော ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်အခန်းကဏ္ဍ ရင်းနှီးမြုပ်နှံမှု လျာထားချက်များကို သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းဝင်များက ရှင်းလင်းတင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်ဘတ်ဂျက်မတည် ငွေကျပ် ၁၀ သိန်းစီနှင့် အလှူရှင်များ၏အကူအညီဖြင့် ကျေးရွာစာကြည့်တိုက် ၂၀၀ ကို ကျပ်သန်း၂၀၀ ဖြင့် လျာထားပြီး အဆိုပါ စာကြည့်တိုက်များကို အနည်းဆုံး အိမ်ခြေ ၂၀၀ အထက်ရှိပြီး အနည်းဆုံး လူဦးရေ ၁၂၀၀ ရှိသည့် ကျေးရွာကြီးများတွင် ဆောက်လုပ်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လူစည်ကားရာနေရာဖြစ်သော ကားဂိတ်၊ လေဆိပ်၊ သင်္ဘောဆိပ်များ၌ နိုင်ငံတော်ဘတ်ဂျက်ဖြင့် စာပေရေချမ်းစင် Mini Book Corner ၅၀၀၀ ထပ်မံ တိုးချဲ့ပြုလုပ်ခြင်း အပါအဝင် အထက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် လက်ခံကျင်းပမည့် အစည်းအဝေးပေါင်း ၃၀၀ ကျော်တွင် ပြည်တွင်း၊ ပြည်ပ မီဒီယာသမားများအတွက် ရုပ်သံသတင်းများ ရိုက်ကူး၍ ပြည်ပနိုင်ငံများသို့ ပေးပို့ထုတ်လွှင့်နိုင်ရန် International Broadcasting လုပ်ငန်းများ ထူထောင်ခြင်းလုပ်ငန်းစဉ်များ အစရှိသည်တို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်ဟု သိရသည်။
ထို့အတူ စာပေဗိမာန်ဌာနကို Semi Government Organization အဖြစ် ပြောင်းလဲဖွဲ့စည်း၍ ပုဂ္ဂလိကနှင့် အစိုးရပူးပေါင်းပြီး ဘာသာပြန်လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်း၊ ပုံနှိပ်စက်ဟောင်းများနေရာတွင် ပုံနှိပ်စက်သစ်များ အစားထိုးလဲလှယ်ရန် ဖိုသိုလစ်သိုစက်ရုံအတွက် Sheetfed Offset 4 unit တစ်လုံး၊ ဗဟိုပုံနှိပ်စက်ရုံအတွက် ကွန်ပျူတာအသုံးပြု၍ ပလိပ်ပြားပေါ်တွင် တိုက်ရိုက်အရောင်ခွဲ ပုံဖော်စက် Computer To Plate (CTP) တစ်လုံးဝယ်ယူခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသည်ဖြင့်လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်း
အင်တာနက်ဂျာနယ်
Posted by kotarcomputer at 11:58 PM 0 comments
Huawei ရဲ့  Ascend P6S ကို မိတ်ဆက်
1.6 GHz quad core processor ကို အသုံးပြုပြီး ဘက်ထရီက 2000mAh ပါပဲ။ RAM ကလည်း 2GB ရှိပါတယ်။ အရွယ် ၄.၇ လက်မ 720p အရည် အသွေး မျက်နှာပြင်ကို အသုံးပြုပြီး 8 MP ကင်မရာ တပ်ဆင် ထားပါ တယ်။ ရှေ့ ကင်မရာကလည်း 5 MP တောင်ရှိပါတယ်။ Selfie သမားများ အတွက် အတော်လေး အဆင်ပြေမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ယခင်က အများစု ထင်ခဲ့တာက Ascend P6S ကို Octa core processor အသုံးပြုမယ် ဆိုပေမယ့် တကယ် ကြေညာလိုက်ချိန်မှာတော့ Quad Core ကိုသာ အနည်းငယ် အဆင့်မြင့်ထားခြင်း ဖြစ်ပါတယ်။
Internal 16GB ရှိပါတယ်။ Android 4.2 Jelly Bean OS ကို အသုံးပြုပြီး Huawei ရဲ့  Emotion UI 2.0 ထည့်သွင်းထား ပါတယ်။ KitKat ကိုလည်း Upgrade ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ သတင်းအရ တရုတ်ပြည်မှာ စတင်တောင် ရောင်းချနေပြီလို့ ဆိုပါတယ်။ ကမ္ဘာ့ ဈေးကွက်သို့လည်း လပိုင်းအတွင်း ဖြန့်ချိသွားဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref: pocketlint
Posted by kotarcomputer at 11:54 PM 0 comments
၎.၇ လက်မ iPhone 6 အရင်ထွက်လို့ ၅.၇ လက်မ နောက်မှထွက်မည်
တရုတ်ပြည်ကနေ ဆက်လက် ထွက်ရှိလာတဲ့ သတင်းအရ ၄.၇ လက်မ အရွယ် iPhone 6
အရင်ထွက်ရှိလို့ ၅.၇ လက်မ အရွယ် iPhone 6 ကို နှစ်ကုန် ခါနီးမှ ထွက်ရှိမှာ
ဖြစ်ကြောင်း သိရပါတယ်။
၎.၇ လက်မ အိုင်ဖုန်း အသစ်ထွက်မယ့် အချိန်က လာမယ့် ဇွန်လ ဖြစ်ပါ တယ်။ လာမယ့် ဇွန်လ WWDC မှာ ဝင်ရောက် မိတ်ဆတက်ပြသပြီး လပိုင်းအတွင်း ရောင်းချမယ့် စမတ်ဖုန်းလို့ ဖြစ်ပါတယ်။ အရွယ်ပိုကြီးတဲ့ iPhone 6 ကိုတော့ iPhone ထွက်နေကျ အချိန်မှာပဲ ထုတ်လုပ်ရောင်းချသွား မယ်လို့ ဆိုပါတယ်။ 4.7 လက်မ အရွယ် ဖုန်းရဲ့  မျက်နှာပြင် အရည်အသွေး က 1136×640 ရှိပါတယ်။ စွမ်းဆောင်ရည်အပိုင်းနဲ့ ပက်သက်ပြီး ဘာမှ မပြောသေး ပါဘူ။း အကယ်၍သာ သတင်းမှန်မယ်ဆိုရင် iPhone ထွက်ရှိတာ အစောဆုံး ဖြစ်လာနိုင်ပါတယ်။ အကြောင်းက Apple ဟာ iPhone မော်ဒယ်သစ်များကို တစ်နှစ်ဝန်းကျင် ခြားပြီးမှ ထုတ်လုပ် ဖြန့်ချိ ရောင်း လို့ ဖြစ်ပါတယ်။ ယခုတော့ အချိန် အရမ်းဆက်သွား ပါတယ်။
ဒါကြောင့်မို့ မေလအတွင်းကို အမှီလုပ်လို့ iPhone 6 များကို ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သတင်းများက ပြောဆိုလျက် ရှိပါတယ်။
.
Ref: pocketlint
Posted by kotarcomputer at 11:17 PM 0 comments