Sunday, February 16, 2014

iOS 7+ JB အတွက် Evasi0n Error ဖြေရှင်းနည်း

iOS 7+ ကို evasi0n နှင့် Jailbreak လုပ်ကြတဲ့အခါမှာ မကြာခဏ ကြုံတွေ့နေရတဲ့ပြဿနာ တစ်ခုရှိပါတယ်။ အဲဒါကတော့ 'ERROR: Failed to retrieve package info from internet' ဆိုတဲ့ error message တက်လာခြင်းပဲ ဖြစ်ပါတယ်။

Error ဖြစ်ပေါ်ရခြင်း အကြောင်း နှစ်ချက်ရှိနိုင်ပါတယ် (၁) evasi0n server overload ဖြစ်နေခြင်း (၂) မိမိအသုံးပြုနေသော Internet လိုင်းရဲ့ နယ်နိမိတ် အတားအဆီးကြောင့် evasi0n server နှင့် ချိပ်ဆက်၍ မရနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။ များသောအားဖြင့် ဒုတိယအကြောင်း အရင်းကြောင့် Error ဖြစ်တတ်ပါတယ်... မည်။





Evasi0n server overload ဖြစ်ခြင်း အတွက်ကိုမူ ပြန်လည် ကြိုးစားခြင်းဖြင့် ကျော်လွန်သွားနိုင်သော်လည်း internet လိုင်း နယ်နိမိတ် (proxy) အတားအဆီးကို ဖြေရှင်းရန် အတွက်မူကား -

  • Proxy အတားအဆီးမရှိသော (သို့) evasi0n server ကို access လုပ်နိုင်သော internet အခြားလိုင်း တစ်ခု ပြောင်းလဲ သုံးစွဲခြင်း
  • အခြားလိုင်း တစ်ခု သုံးထားသော mobile device မှ "WiFi Hotspot" ထုတ်လွှင့်ပြီး ချိပ်ဆက် အသုံးပြုခြင်း
  • မိမိ၏ internet လိုင်းကို အခြားနည်းလမ်းများ သုံး၍ proxy ကျော်ခြင်း၊ VPN (Virtual Private Network) ခံခြင်း တို့နှင့် ဖြေရှင်းပေးနိုင်ပါလိမ့်မည်။


0 comments: